ရှေ့သို့
Image

အာဆင်နယ်နဲ့လန်ဒန်ဒါဘီပွဲအပြီးမှာ စပါးကနေထွက်ခွာမယ်ဆိုတဲ့ ဘွတ်ကီဒိုင်တွေရဲ့လောင်းကြေးကို ဒေါသတကြီးတုံ့ပြန်လိုက်တဲ့ ပိုချက်တီနို

9:59 PM, 30 August

စပါးအသင်းနည်းပြ ပိုချက်တီနိုကတော့ လန်ဒန်ဒါဘီပွဲစဉ်အပြီးမှာ အသင်းကနေထွက်ခွာမယ်ဆိုတဲ့သတင်းတွေကို ဒေါသတကြီးတုံ့ပြန်လိုက်ပါတယ်။


ဘွတ်ကီဒိုင် ၂ဦးကတော့ နည်းပြ ပိုချက်တီနိုဟာ အာဆင်နယ်အသင်းနဲ့လန်ဒန်ဒါဘီပွဲစဉ်အပြီးမှာ စပါးကနေ ထွက်ခွာမယ်လို့ လောင်းကြေးတင်ခဲ့တာဖြစ်ပါတယ်။


“ကျွန်တော်ဘယ်မှမသွားပါဘူး။လန်ဒန်ဒါဘီပွဲစဉ်အပြီးမှာလည်း ကျွန်တော်အသင်းမှာ ဆက်ရှိနေမှာပါ။ ပြီးတော့ အသင်းနဲ့လည်း လုပ်စရာတွေအများကြီးကျန်နေပါသေးတယ်”လို့ ပိုချက်တီနိုက ပြောပါတယ်။


“သောကြာနေ့မှာ ကျွန်တော် လန်ဒန်ကိုပြန်လာပြီး လီဗိုင်းနဲ့တွေ့ဆုံသွားမှာပါ။ အဲ့နောက် နောက်လာမယ့်ပွဲအတွက်လည်း ကြိုတင်ပြင်ဆင်သွားမှာပါ။ မီဒီယာတွေရဲ့စကားကို မယုံကြပါနဲ့။ မဖြစ်နိုင်တဲ့ဟာတွေပဲ သူတို့ပြောနေကြတာပါ”လို့ သူကဆိုပါတယ်။


လက်ရှိအချိန်မှာတော့ နည်းပြ ပိုချက်တီနိုဟာ စပါးအသင်းနဲ့ ၆ ရာသီမြောက်ကိုဖြတ်သန်းနေပါတယ်။


“ကျွန်တော်အသင်းနဲ့ ၅ ရာသီကြာဖြတ်သန်းပြီးပါပြီ။ အခုလည်း ကျွန်တော် ၆ ရာသီမြောက်ကိုဖြတ်သန်းနေပါတယ်။ ဆုဖလားတွေအတွက်လည်း ကျွန်တော်တို့အကောင်းဆုံးကြိုးစားနေပါတယ်”လို့ အာဂျင်တီးနားသားက ပြောကြားခဲ့ပါတယ်။

#စပါး #ပိုချက်တီနို