ရှေ့သို့
Image

ဝါရင့်ကစားသမားတွေ ပြန်လည် ပါဝင်လာတဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲအတွက် ဂျာမနီလူစာရင်း

9:12 PM, 29 August

ယူရို ၂၀၂၀ ခြေစစ်ပွဲအတွက် ဂျာမနီအသင်း လူစာရင်းကို ကြေညာခဲ့ရာမှာ ၀ါရင့်ကစားသမားတွေဖြစ်တဲ့ တိုနီ ခရူးစ်၊ စတီဂျန်နဲ့ အမ်မရီချန်တို့ ပြန်လာပါဝင်လာခဲ့ပါတယ်။ ခရူးစ်ဟာ ဒဏ်ရာကြောင့် ဇွန်လထဲက နိုင်ငံတကာ ပွဲစဉ်တွေကို လွဲချော်ခဲ့သလို အမ်မရီချန်ဟာလည်း ၂၀၁၈ အောက်တိုဘာလနောက်ပိုင်း ပထမဆုံး ပြန်လည် ပါဝင်လာခဲ့ပြီး စတီဂျန်ဟာလည်း ဒူးဒဏ်ရာကြောင့် အနားယူနေခဲ့ရတာ ဖြစ်ပါတယ်။

ဂျာမနီအသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားမှာ အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရပြီးနောက် ရလဒ်ကောင်းတွေ ပြန်လည်ရရှိအောင် ကြိုးစားနေပြီး စက်တင်ဘာ ၆ ရက်နေ့မှာတော့ နယ်သာလန်အသင်းကို ဧည့်ခံ ကစားသွားမှာ ဖြစ်ပါတယ်။ 

၃ ရက်အကြာမှာတော့ မြောက်အိုင်ယာလန် အသင်းကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာပါ။ ဂျာမနီအသင်းဟာ လက်ရှိ ခြေစစ်ပွဲ အုပ်စုအဆင့်မှာ ၃ ပွဲကစား ၉ မှတ်ဖြင့် အုပ်စုဒုတိယမှာ ရပ်တည်နေခဲ့ကာ မြောက်အိုင်ယာလန် အသင်းကတော့ တစ်ပွဲပို ကစားကာ ရမှတ် ၁၂ မှတ်ဖြင့် ထိပ်ဆုံးမှာ ဦးဆောင် နေခဲ့ပါတယ်။

ဂျာမနီအသင်းရဲ့ လူစာရင်းအပြည့်အစုံကတော့

ဂိုး - လီနို(အာဆင်နယ်)၊ နူအာ(ဘိုင်ယန်)၊ စတီဂျန်(ဘာစီလိုနာ)

နောက်တန်း - ဂင်တာ(မိုချန်ဂလာဘတ်)၊ ဆူလီ(ဘိုင်ယန်မြူးနစ်)၊ ဂျိုနသန်တား(လေဗာကူဆင်)၊ ဟယ်စတန်ဘတ်ဂ်(လိုက်ပ်ဇစ်)၊ ဟတ်တာ(ကိုလုံး)၊ နီကိုရှက်ဇ်(ဒေါ့မွန်)၊ ကရင်မစ်ခ်ျ(ဘိုင်ယန်)

ကွင်းလယ် - အမ်မရီချန်(ဂျူဗင်တပ်စ်)၊ ဂေါ်ရက်ဇ်ကာ(ဘိုင်ယန်)၊ ဂန်ဒိုဂန်(မန်စီးတီး)၊ ကိုင်းဟာဗက်ဇ်(လေဗာကူဆင်)၊ တိုနီခရူးစ်(ရီးရဲလ်)၊

ရှေ့တန်း - ဂနာဘရီ(ဘိုင်ယန်)၊ ဘရန့်(ဒေါ့မွန်)၊ မာကိုရူးစ်(ဒေါ့မွန်)၊ ၀က်ရှမစ်(ဖရိုင်းဖတ်)၊ တီမို ၀ါနာ(လိုက်ပ်ဇစ်)

#အမ်မရီချန် #ယူရို၂၀၂၀ ခြေစစ်ပွဲ