ရှေ့သို့
Image

အာဆင်နယ်နဲ့ ပွဲစဉ်မတိုင်ခင် ခံစစ်ပိုင်းပြဿနာနဲ့ ကြုံတွေ့နေရတဲ့ တော့တင်ဟမ်

6:17 PM, 29 August

တော့တင်ဟမ်အသင်းဟာ အာဆင်နယ်နဲ့ ပွဲစဉ်မတိုင်ခင် နောက်ခံလူ ကိုင်လီ ဝေါ်လ်ကာပီတာကို တံကောက်ကြော ဒဏ်ရာကြောင့် စွန့်လွှတ်ခဲ့ရတာကြောင့် ခံစစ်ပိုင်း ပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီလို့ သိရပါတယ်။ ဝေါ်လ်ကာ-ပီတာဟာ နယူးကာဆယ်နဲ့ ပွဲစဉ်မှာ ဒဏ်ရာကြောင့် လူစားလဲခဲ့ရပြီး တနင်္ဂနွေနေ့ အာဆင်နယ်နဲ့ ပွဲစဉ်ကို လွဲချော်သွားဖို့ ရှိနေပါတယ်။

ညာနောက်ခံလူအဖြစ်နဲ့ ကစားနိုင်တဲ့ နောက်ထပ် နောက်ခံလူတစ်ဦးဖြစ်တဲ့ ဖွိုက်ဟာလည်း အာဂျင်တီးနား အသင်းမှာ  ဒဏ်ရာရရှိခဲ့တာကြောင့် ညာနောက်ခံနေရာမှာ ကစားဖို့ ကစားသမား ရှားပါးမှုနဲ့ ကြုံတွေ့နေ ခဲ့ရပါတယ်။

ဆာဂျီ အူရီယာဟာ အဆိုပါ နေရာမှာ ကစားနိုင်ပေမယ့် တနလာင်္နေ့ အပြောင်းအရွှေ့မပိတ်မီ အသင်းက ထွက်ခွာသွားဖို့ ရှိနေတာကြောင့် ပိုချက်တီနိုအနေနဲ့ အိုင်ဗရီကို့စ်သားကို ရွေးချယ်ဖို့လည်း မဖြစ်နိုင်သေးပါဘူး။

ဒါကြောင့် ပိုချက်တီနိုဟာ ကွင်းလယ်လူ ဆစ်ဆိုကိုကို ညာနောက်ခံလူနေရာမှာ ကစားစေဖို့ ရှိနေသလို အဲရစ်ဒိုင်ယာဟာလည်း ဒဏ်ရာ ရရှိနေခဲ့ပါတယ်။ ပိုချက်တီနိုရဲ့ ဆုံးဖြတ်ချက်ဟာ အန်ဒွန်ဘီလီရဲ့ ကြံ့ခိုင်မှုအပေါ်မှာ မူတည်လျက် ရှိနေပါတယ်။ 

#ပိုချက်တီနို #တော့တင်ဟမ် #ကိုင်လီ ဝေါ်ကာ