ရှေ့သို့
Image

ဒဏ်ရာကနေ ပြန်လည် သက်သာလာတော့မယ့် အာဆင်နယ် နောက်ခံလူ ဘယ်လာရင်နဲ့ တီယာနေး

5:09 PM, 29 August

အာဆင်နယ် နောက်တန်းအတွက် သတင်းကောင်းတစ်ခု အနေနဲ့ နောက်ခံအစွန်လူတွေဖြစ်တဲ့ ဘယ်လာရင်နဲ့ တီယာနေးတို့ဟာ ဒဏ်ရာကြောင့် ကာလရှည် အနားယူနေရာကနေ ပြန်လာနိုင်တယ်တော့မယ်လို့ သိရ ပါတယ်။ ယနေ့ညနေပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်မှာ ဘယ်လာရင်၊ တီယာနေးနဲ့ မာဗရိုပါနို့စ်တို့ဟာ ဒဏ်ရာက ကောင်းမွန်စွာ သက်သာလာပြီဖြစ်ပြီး စက်တင်ဘာလမှာ လေ့ကျင့်ခန်းအပြည့် ဆင်းနိုင်မယ်လို့ အတည်ပြုခဲ့ပါတယ်။

ဘယ်လာရင်ဟာ ဇန်န၀ါရီလ ကတည်းက ဒူးဒဏ်ရာကြောင့် အနားယူနေခဲ့ရတာ ဖြစ်ပြီး နိုင်ငံတာကာ ပွဲစဉ်တွေအပြီးမှာ အသင်းဖော်တွေနဲ့ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်တော့မယ်လို့ သိရပါတယ်။ အလားတူ တီယာနေးရဲ့ ပြန်လာနိုင်မှုဟာလည်း ဆိုစီဒက်ကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီဖြစ်တဲ့ မွန်ရီရယ် နေရာအတွက် ရွေးချယ်စရာတစ်ခု ဖြစ်လာနိုင်ပါတယ်။

တီယာနေးဟာ ကြံ့ခိုင်မှု မပြည့်ဝမှုကြောင့် ရာသီကြို ပွဲစဉ်တွေကို လွဲချော်ခဲ့ပြီး စက်တင်ဘာလမှာ အသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ပြီး အောက်တိုဘာမှာ ကစားဖို့ အသင့်ဖြစ်မယ်လို့ သိရပါတယ်။ အလားတူ ဗဟိုနောက်ခံလူ မာဗရိုပါနို့စ်ဟာလည်း အဆိုပါ အချိန်အတွင်းမှာပဲ အသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်မှာ ဖြစ်သလို ဟိုးဒင်းဟာလည်း ပြီးခဲ့တဲ့ သောကြာနေ့က ယူ-၂၃ ပွဲစဉ်မှာ ၀င်ရောက် ကစား ခဲ့ပါတယ်။

#ဘယ်လာရင် #တီယာနေး