ရှေ့သို့
Image

ယူရို ၂၀၂၀ အင်္ဂလန်အသင်းလူစာရင်းမှာ ပါဝင်လာတဲ့ စပါးကွင်းလယ်ကစားသမား ဟယ်ရီဝင့်ခ်

3:32 PM, 29 August

 စပါးအသင်းရဲ့ ကွင်းလယ်ကစားသမား ဟယ်ရီဝင့်ခ် ကြာသပတေးနေ့မှာ အင်္ဂလန်အသင်းရဲ့အပြီးသတ်လူစာရင်းမှာ ပြန်လည်ခေါ်ယူခြင်းခံခဲ့ရပါတယ်။
 
ထို့အတူ ချဲလ်ဆီးအသင်းနဲ့အတူ ခြေစွမ်းပြကစားနေတဲ့ မာဆွန်မောင့် ၊ လက်စတာကွင်းလယ်ကစားသမား မက်ဒီဆင် တို့လည်း ပါဝင်လာပါတယ်။
 
နောက်ခံလူတွေမှာတော့ ဖေဘီယန် ဒဲလ်ဖ် ၊ အလီ ၊ အဲရစ်ဒိုင်ယာတို့ ဒဏ်ရာ ရရှိနေတာကြောင့်  ဂျွန်စတုန်း ၊ ဘန်ချီးဝဲလ် ၊ ၀မ်ဘစ်ဆာကာတို့ကိုပြောင်းလဲခေါ်ယူဖို့စောင့်ကြည့်နေတာဖြစ်ပါတယ်။
 
ညာနောက်ခံလူနေရာမှာတော့ ၀မ်ဘစ်ဆာကာ ၊ ကိုင်လီဝေါ်ကာ ၊ အာနိုးလ် ၊ ထရစ်ပီရာတို့ ပြိုင်ဆိုင်ရဖွယ်ရှိနေပါတယ်။
 
ဘယ်နောက်ခံလူနေရာမှာတော့ လုဒ်ရှော ၊ ဘန်ချီးဝဲလ်တို့မသေချာတာကြောင့် အက်စတွန်ဗီလာ တိုင်ရွန် မင်းစ်ကိုခေါ်ယူသွားဖွယ်ရှိနေပါတယ်။
 
ဂိုးသမားနေရာမှာတော့ ဂျော်ဒန် ပစ်ဖို့ဒ် ၊ တွန်ဟီတန် တို့ရှိနေပေမယ့်လည်း နောက်ထပ်ဂိုးသမားတွေဖြစ်တဲ့ နစ်ပုပ် ၊ ဒင်း ဟန်ဒါဆန် ၊ အန်ဂတ်စ် ဂန်းတို့ကိုထပ်မံခေါ်ယူသွားဖို့စောင့်ကြည့်နေပါတယ်။

#စပါး #ဟယ်ရီဝင့်ခ်