ရှေ့သို့
Image

၀မ္ဘစ္ဆာကာကို ကြောက်ရွံ့ခြင်းကင်းစွာဖြင့် ကစားဖို့ အကြံပေးခဲ့တဲ့ ပေါ့ဂ်ဘာ

9:42 PM, 27 August

ယူနိုက်တက် နောက်ခံလူ ၀မ်ဘစ်ဆာကာက ကွင်းလယ်လူ ပေါ့ဂ်ဘာဟာ သူ့ကို ကွင်းထဲမှာ ကြောက်ရွံ့ခြင်းကင်းစွာနဲ့ ကစားဖို့ အကြံပေးခဲ့ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ ၀မ်ဘစ်ဆာကာ ခရစ္စတယ် ပဲလေ့စ်အသင်းကနေ နွေရာသီမှာ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ 

ခရစ္စတယ် ပဲလေ့စ်အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံးဆုကို ရရှိခဲ့ပြီး ယူနိုက်တက်ကို ပြောင်းရွှေ့ လာပြီးနောက် ကမ္ဘာ့ဈေးအကြီးဆုံး ခံစစ်မှူး မက်ဂွါရီနဲ့အတူ ပွဲထွက်ခွင့်ရခဲ့ပေမယ့် စနေနေ့ကတော့ အသင်းဟောင်း ပဲလေ့စ်ကို ၂-၁ ဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ ပွဲကြို အစီအစဉ်မှာ ဆွေးနွေးခဲ့ရာမှာ ဘစ်ဆာကာက ယူနိုက်တက်ကို ရောက်စမှာ အသင်းရဲ့ ကြိုဆိုမှုတွေနဲ့ ကွင်းလယ်လူ ပေါ့ဂ်ဘာရဲ့ အကြံပေးမှုတွေကို ပြန်လည် ပြောပြခဲ့ပါတယ်။

“ပေါ့ဂ်ဘာက ကျွန်တော့်ကို အကြံတွေအများကြီး ပေးခဲ့ပါတယ်။ သြစတေးလျမှာ ကစားစဉ် သူက ကျွန်တော့်ကို မင်းဒီကို ရောက်လာတာ အကြောင်းရှိတယ်။ မင်းရဲ့ ပွဲကို ကစားပါ။ ဘာမှမကြောက်ပါနဲ့။ ဒါကို မှတ်ထားပါ " လို့ ပြောခဲ့ပါတယ် ။

“ကျွန်တော် လေ့ကျင့်ရေးကွင်းမှာ မာရှယ်ကို ထိန်းချုပ်ရတာက တော်တော်လေး ခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ၂ ဦးစလုံးကို ဒါက တိုးတက်စေခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ တိုက်စစ်မှူးတွေက တော်တော် လျင်မြန်တာကြောင့် သူတို့ရဲ့ လှုပ်ရှားမှုတွေကို အမြဲစောင့်ကြည့်နေရပါတယ်” လို့ ၀မ်ဘစ်ဆာကာက ပြောပါတယ်။

ဆက်လက်ပြီး ၀မ်ဘစ်ဆာကာက ယခုအချိန်မှာ အသင်းနဲ့ အသားကျနေပြီး အိုးထရက်ဖို့ဒ်ကို အိမ်သဖွယ် ဖြစ်အောင် ကူညီပေးခဲ့တဲ့ကြတဲ့ အသင်းဖော်တွေကို ချီးကျူးခဲ့ပါတယ်။

ဝမ်ဘစ်ဆာကာက “ကျွန်တော်အခု စိုးရိမ်စိတ် မရှိတော့ပါဘူး။ ကျွန်တော်တို့မှာ အသင်းစုစည်း ဆွေးနွေးတဲ့အချိန် ရှိပါတယ်။ ကျွန်တော်က ၀င်ရောက် ဆွေးနွေးခြင်း မရှိပေမယ့် ဒါကပဲ ကျွန်တော်တို့ကို ပြောင်းလဲစေခဲ့ပါတယ်။ ကျွန်တော်က မန်ချက်စတာမှာ လူသစ်ဆိုပေမယ့် အခုတော့ အသားကျနေပါပြီ ” လို့ ပြောသွားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #၀မ္ဘစ္ဆာကာ