ရှေ့သို့
Image

စီဘယ်လော့စ်က တွေ့ဖူးသမျှ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးပါလို့ ဆိုတဲ့ ဘယ်လာရင်

12:27 PM, 27 August

ဟက်တာဘယ်လာရင်က ဒဏ်ရာကနေပြန်လည်သက်သာလာပြီးနောက် သူနဲ့တစ်နိုင်ငံတည်းသား ဒန်နီစီဘယ်လော့စ်ကို သူတွေ့ဖူးသမျှအကောင်းဆုံးကစားသမားတွေထဲက တစ်ဦးပါဆိုပြီး ချီးကျူးခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့ မာဆေးဆိုက်ကရှုံးပွဲပြီးတဲ့နောက် ဘယ်လာရင်က စီဘယ်လော့စ်ကို “ ဒန်နီက ကျွန်တော်မြင်ဖူးသမျှ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးပါ။


 ကျွန်တော်တို့ အသက် ၁၈၊၁၉ လောက်ကတည်းက တွဲကစားခဲ့ဖူးပါတယ်။ အသက် ၂၁ နှစ်အောက်အသင်းမှာကစားခဲ့တာပါ၊ ကွင်းထဲမှာဆို ကျွန်တော်တို့က အတွဲညီညီ ကစားနိုင်ပါတယ်။


 သူက အရမ်းကောင်းတဲ့ကစားသမားပါ၊ အသင်းအတွက် ကောင်းကောင်းအကျိုးပြုနိုင်ပါလိမ့်မယ်။ ပရီးမီးယားလိဂ်က တခြားလိဂ်တွေထက်ပိုခက်ပါတယ်

ဒါပေမယ့် လေ့ကျင့်ရေးမှာ သူလုပ်ပြခဲ့တာတွေက သူအဆင်သင့် ဖြစ်နေပြီဆိုတာ သိနိုင်ပါတယ်။ သူက အမြဲတမ်းတက်ကြွနေပြီးတော့ အသင်းရလဒ်က ကောင်းကောင်းဆိုးဆိုး သူကတော့အသင်းအတွက်ဆို အမြဲတမ်း အကောင်းဆုံးတွေပဲ လုပ်တတ်တယ်။


 သူကစိတ်ဓာတ်လဲကောင်းသလို သူကိုယ်တိုင်ထက် သူ့ဘေးကလူတွေကို ပိုပြီးဦးစားပေးတတ်ပါတယ်။ သူ့ကိုခေါ်ယူနိုင်ခဲ့တာက အသင်းအတွက် အကောင်းဆုံး ဖြည့်စွက်မှုပါပဲ “ ဆိုပြီး စီဘယ်လော့စ်ကိုချီးကျူးခဲ့ပါတယ်။



ဘယ်လာရင်ဟာ လက်ရှိမှာတော့ ဇန်န၀ါရီလက ချဲလ်ဆီးနဲ့ပွဲမှာရခဲ့တဲ့ ပြင်းထန်တဲ့ ဒူးဒဏ်ရာကနေ ပြန်လာနိုင်ဖို့ ကြိုးစားနေတာပဲဖြစ်ပါတယ်


တကယ်လို့ ဒဏ်ရာက အရှင်းသက်သာသွားပြီဆိုရင်တော့ ညာခြမ်းခံစစ်မှာ အင်စလေမစ်လန်းနိုင်းစ် နဲ့ ပွဲထွက် ကစားသမား နေရာအတွက် ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။

#ဘယ်လာရင်