ရှေ့သို့
Image

လမ်းပတ်လက်အောက်မှာ တိုက်ရိုက်ဘောတွေအသားပေးပြီး ပိုမို တိုက်စစ်ဖွင့်ကစားမယ်လို့ အီမာဆင်ဆို

12:02 PM, 27 August

ယခုရာသီသစ်မှာ နည်းပြသစ်လမ်းပတ်နဲ့ အတူ ချဲလ်ဆီးအသင်းဟာ တိုက်စစ်ဖွင့်ကစားနေပြီး အီမာဆင်ဟာလည်း ပွဲစဉ် ၃ပွဲအပြီးမှာ အသင်းရဲ့ ဘောလုံး ပေးပို့ မှု အများဆုံး ကစားသမား  ဖြစ်နေပါတယ်။

ချဲလ်ဆီးအသင်း ၀က်ဆိုက်ဒ်ကနေ ဘယ်နောက်ခံကစားသမားက ပြောရာမှာ

“ ဖရန့် လက်အောက်မှာ ကျွန်တော်တို့  တိုက်ရိုက်ဘောတွေ ပိုကစားဖို့ ကြိုးစားမယ် အမြဲတမ်း တိုက်စစ်ဆင်ကစားမှာ ဖြစ်ပြီး ဂိုးနဲ့ တတ်နိုင်သမျှ နီးအောင် ကစားမှာပါ 

အဓိကကတော့ အာရုံစူးစိုက်မှုနဲ့ တိုက်ရိုက် တိုက်စစ်ဆင်ကစားဖို့ ဖြစ်ပါတယ် ဒါကြောင့်  အဲဒီအပေါ်မှာ ကျွန်တော်တို့  တိုးတက်လာအောင် ကြိုးစားနေပါတယ် ဘာလို့ လဲဆိုတော့ အသင်းဟာ အရည်အသွေး အပြည့်အ၀ ရှိတယ်ဆိုတာ သိထားပါတယ်

တိုက်စစ်ဆင်ရာမှာ အမြဲ လက်တွဲလုပ်ရမယ့်  မန်နေဂျာနဲ့ အတူ ရှေ့ ဆက်ပြီး တိုးတက် လာအောင် လုပ်ဖို့  ကျွန်တော်တို့  အများကြီး အခြေခံ ရှိပါတယ် ဒီလိုတိုက်စစ်ဆင် ကစားတဲ့ နည်းစနစ်ကို ကျွန်တော် အမှန်တကယ် နှစ်သက်မိ ပါတယ် ”
ဟု အီမာဆင်က ဆိုပါတယ်။

အသင်းဟာ ခံစစ်ပိုင်းမှာတော့ ပြဿနာရှိနေဆဲဖြစ်ပြီး ၃ပွဲအပြီးမှာ clean sheet တစ်ပွဲမှ မရှိထားတာမို့ နည်းပြလမ်းပတ်နဲ့  ၎င်းရဲ့ နည်းပြ၀န်ထမ်းတွေ ဖြေရှင်းသွား ရမယ့် ကိစ္စ ဖြစ်နေပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အီမာဆင်ဟာ လမ်းပတ်ရဲ့ တိုက်စစ် ဗျူဟာမှာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနိုင်ပြီး အသင်းရဲ့အားကိုးရတဲ့ ဘယ်နောက်ခံလူအဖြစ် ဆက်လက် ပါဝင် ကစားသွားဖို့ ရှိနေပါတယ်။

# အီမာဆင်