ရှေ့သို့
Image

ဖျက်သိမ်းခံရမယ့် အရေးနဲ့ ရင်ဆိုင်နေရတဲ့ ပရီးမီးယားလိဂ်ကလပ်အသင်းဟောင်း ဘော်လ်တန်

8:31 AM, 27 August

ပရီးမီးယားလိဂ်လောကမှာ ကျင်လည်ခဲ့ဖူးတဲ့ ဘော်လ်တန်ဟာ အသင်းကိုဝယ်ယူမယ့် ပိုင်ရှင်သစ် မတွေ့ ခဲ့ပါက ဖျက်သိမ်းခံရဖို့  ရှိနေပြီး ဆက်လက်တည်ရှိဖို့  တိုက်ပွဲဝင်သွားရမှာ ဖြစ်ပါတယ်။

မူလက Football Ventures ကုမ္ပဏီနဲ့ ဘော်လ်တန်အသင်း ဆွေးနွေးခဲ့ပေမယ့် အဆုံးမှာ သဘောတူညီမှု မရပဲ ပျက်ပျယ်ခဲ့တာ ဖြစ်ပါတယ်။

ဒီအနေအထားမှာ ဘော်လ်တန်အသင်းဟာ EFL ဘောလုံးအဖွဲ့ ချုပ်ကို ပွင့်လင်းမြင်သာတဲ့ စိတ်ကျေနပ်မှု ရစေမယ့် အချက်အလက်တွေကို ယနေ့ အင်္ဂါနေ့ ညနေ၅နာရီအတွင်း ပေးပို့ သွားရမှာ ဖြစ်ပါတယ်။

တကယ်လို့ အသင်းဖျက်သိမ်းခံရပါက အလုပ်သမားဦးရေ  ၁၅၀ကျော် အလုပ်လက်မဲ့ဖြစ်သွားမှာ ဖြစ်ပြီး ဘော်လ်တန်ဟာလည်း လာမယ့်နှစ်အတွင်း ပြိုင်ပွဲဝင်ဖို့ ပြန်လျောက်မယ်ဆို တရားဝင်မဟုတ်တဲ့ လိဂ်ကနေ စတင် ယှဉ်ပြိုင်ရဖွယ် ရှိပါတယ်။

ဘော်လ်တန်ရဲ့  လက်ရှိအခြေအနေဟာ စီးပွားရေးအရ ဆက်လက်ရပ်တည်နိုင်တဲ့ အနေအထားမှာ မရှိပဲ မနက်ဖြန်တွင် ဖျက်သိမ်းခံရမယ့်အနေအထားနဲ့ ရင်ဆိုင်နေရတာပါ။

ဒီလို ရင်ဆိုင်နေရတာဟာ ဘော်လ်တန်တစ်သင်းတည်း မဟုတ်ပဲ ဘူရီအသင်းကပါ EFL ဘောလုံးအဖွဲ့ ချုပ်ထံ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တစ်ခုကို တင်ပြသွားရမှာ ဖြစ်ပါတယ်။

ချန်ပီယံရှစ်မှာ ဘော်လ်တန်အသင်းဟာ လူငယ်တွေနဲ့  ရှေ့ ဆက်နေပြီး ပွဲစဉ်၎ပွဲ ပြီးချိန်မှာ ရှုံးပွဲ ၃ပွဲအထိ ကြုံတွေထားပါတယ်။

အသင်းဟာလည်း ပေးဂိုး ၅ဂိုးအထိ ရှိသလို ရလဒ်တွေ ဆိုးရွားနေတာမို့ နည်းပြ ဖီးလ် ပါကင်ဆန်ဟာလည်း မကြာသေးခင်က နူတ်ထွက်သွားပါတယ်။

သက်တမ်း ၁၄၅နှစ်ရှိတဲ့ အသင်းဟာ Football Ventures ကုမ္ပဏီနဲ့ စပွန်ဆာအတွက်ဆွေးနွေးခဲ့ပေမယ့် ပျက်ပျယ်ခဲ့တာကြောင့် အသင်းဆက်လက်တည်တံမှု မျှော်လင့်ချက်ဟာ သဲထဲရေသွန် ဖြစ်ခဲ့ရပါတယ်။

အသင်းရဲ့ ဦးစီး အမူဆောင်ချုပ် အပီလီတန်ကတော့ သူရဲ့အသင်း မပျောက်ကွယ်သွားအောင် သဘောတူညီမှုရရှိစေမယ့် လုပ်ငန်းတွေကို အစွမ်းကုန် ကြိုးစားရှာဖွေသွားမယ်လို့  ဖွင့်ဟထားတာမို့ လာမယ့် ရက်အတွင်း ဘော်လ်တန်ရဲ့ အခြေအနေကို စောင့်ကြည့်ရအုံးမှာ ဖြစ်ပါတယ်။

#ချန်ပီယံရှစ်