ရှေ့သို့
Image

အာနိုးလ်ရဲ့ကစားဟန်နဲ့ ပတ်သက်လို့ အကြောင်းပြချက်ပေးခဲ့တဲ့ ဂျာဂန်ကလော့

10:07 AM, 26 August

လီဗာပူးနည်းပြ ဂျာဂန်ကလော့ပ်က ခံစစ်ကစားတယ်ဆိုတာ စက်ဘီးစီးသလို မဟုတ်ဘဲ ခံစစ်ကိုပြန်ဆင်းဖို့က မှန်မှန်ကန်ကန် လုပ်ဖို့လိုကြောင်း ရှင်းပြခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ညာနောက်ခံအာနိုးလ်ရဲ့တိုက်စစ်ကို လိုက်ပါ ပံ့ပိုးပေးနိုင်မှုကြောင့် အာဆင်နယ်ကို ဂိုးပြတ် အနိုင်ရခဲ့ပေမယ့် အာနိုးလ်ရဲ့ ခံစစ် စွမ်းဆောင်ရည် ကတော့ အားနည်းချက်တွေ ရှိနေခဲ့တာကြောင့် ဝေဖန်ခံခဲ့ရပါတယ်။

ကလော့ပ်ကတော့ “ဒီလိုဝေဖန်တာတွေက သူ့အတွက် ပြဿနာမရှိပါဘူး။ ဝေဖန်မှုတွေကလည်း အရေးကြီးပါတယ်။ ကျွန်တော်တို့ကြားမှာ နားလည်မှု ရှိပြီးသားပါ။ ထရန့်က တိုးတက်ဖို့ ကြိုးစားနေတဲ့သူပါ၊ ကြိုးစားသလောက်လည်း တိုးတက်တဲ့သူပါ။ ဒီဝေဖန်မှုတွေက အဓိပ္ပာယ် မရှိပါဘူး၊ တကယ်လို့ ကစားပွဲမှာသာ ရှုံးသွားခဲ့ရင် ခံစစ်မှူးကောင်းတစ်ဦး ဖြစ်တော့မှာ မဟုတ်ပါဘူး“

“သူတို့အားလုံး ပြီးခဲ့တဲ့ ရာသီတုန်းကလိုမျိုး ထူးထူးခြားခြားတွေ လုပ်ပြနိုင်ကြပါတယ်။ သူတို့မှာ အားလပ်ရက် သုံးပတ်တည်းနဲ့ အသင်းကို ပြန်လာပြီး ရာသီသစ်ကို ပြန်စခဲ့ရတာပါ။ စက်ဘီး စီးသလိုမျိုးမှ မဟုတ်တာ။ ရှုံးရင်လည်း ရှုံးမှာပဲ။ ရှုံးတယ်ဆိုတာကလည်း အသင်းလိုက်ကစားပုံ မကောင်းလို့ ရှုံးရတာ။ ထရန်(အာနိုး)ရဲ့ဖြတ်တင်ဘောတွေက တစ်ပွဲတည်း ထကောင်းတတ်တာမျိုးမှ မဟုတ်တာ။ နောက်ပွဲတွေမှာလဲ ကောင်းနေဦးမှာပဲ။ ဒါပေမယ့် အသင်းလိုက် ကစားရင်တော့ ရှုံးနိုင်တယ်။ ခံစစ်ကစားတယ်ဆိုတာ စုဖွဲ့မှုကောင်းကောင်းနဲ့ ကစားရတာမျိုးပါ။ တိုက်စစ်ကို လိုက်သွားပြီးသွားရင် ခံစစ်ကို အစကနေ ပြန်စရတာမျိုးပါ။ အာဆင်နယ်နဲ့ ပွဲမှာတော့ အားလုံး တော်ကြတယ်။ ခြေစွမ်းလည်းကောင်းသလို စိတ်အားထက်သန်မှုလည်း ရှိကြတယ်“ လို့ ပြောပြသွားခဲ့ပါတယ်။

#လီဗာပူး #အာနိုး