ရှေ့သို့
Image

နေမာရဲ့နေရာမှာအစားထိုးဖို့အတွက် ဇာဟာကိုပေါင်သန်း ၁၀၀ နဲ့ကမ်းလှမ်းဖို့စီစဉ်နေတဲ့ ပီအက်စ်ဂျီ

3:55 PM, 25 August

ပီအက်စ်ဂျီအသင်းဟာ နေမာရဲ့နေရာမှာအစားထိုးဖို့အတွက် ပဲလေ့စ်အသင်းက တိုက်စစ်မှူး ၀ီးဖရက်ဇာဟာကိုပေါင်သန်း ၁၀၀ နဲ့ ကမ်းလှမ်းဖို့စီစဉ်နေပါတယ်။

ဘာစီလိုနာနဲ့ရီးရဲမက်ဒရစ်တို့နေမာကို အပြိုင်လုနေချိန်မှာ လီဂူးဝမ်းအသင်းကတော့ ဇာဟာ အတွက်အပြောင်းအရွှေ့ဆွေးနွေးမယ့် ကိုယ်စားလှယ်တွေကို ဒီတစ်ပတ်အတွင်းမှာပဲ လန်ဒန်ကိုစေလွှတ်သွားတော့မှာပါ။

စပိန်အင်အားကြီးအသင်းနှစ်သင်းကတော့ လာလီဂါအပြောင်းအရွှေ့ပိတ်တော့မယ့် စက်တင်လ ၂ ရက်နေ့ မတိုင်မီ ပေါင်သန်း ၂၀၀ တန်ကြေးရှိတဲ့ ဘရာဇီးသားကိုခေါ်ယူနိုင်ဖို့ အပြိုင်ကြိုးစားနေကြတာပဲဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ်အသင်းကတော့ ပရီးမီးယားလိဂ်ပြိုင်ဘက် အာဆင်နယ်နဲ့အဲဗာတန်တို့ကလဲ ဇာဟာကိုစိတ်ဝင်စားခဲ့တာကြောင့် ဇာဟာရဲ့တန်ကြေးကို ပေါင်သန်း ၁၀၀ လို့သတ်မှတ်ထားတာပဲဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ နေမာ့ကိုလက်လွှတ်ခဲ့ရရင် ဒိုင်ဘားလားကိုလဲခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။
ဒိုင်ဘားလားကလဲ ဂျူဗင်တပ်စ်ကသာ စပါးက အဲရစ်ဆင်ကိုခေါ်ယူခဲ့ရင် ပြင်သစ်လီဂူးကိုပြောင်းရွှေ့နိုင်ပါတယ်။

ဒါပေမယ့် ဒိုင်ဘားလားရဲ့အပြောင်းအရွှေ့က ဇာဟာကိုခေါ်ယူနိုင်ဖို့ကိုတော့ တားဆီးနိုင်မှာ မဟုတ်ပါဘူး။

ပြီးခဲ့တဲ့ရာသီက ဇာဟာကိုပဲလေ့စ်အသင်းက တစ်ပတ်ကိုပေါင် ၁၃၀၀၀၀ နဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုထားခဲ့ပါတယ်။

ဒါပေမယ့် ဗြိတိန်အပြောင်းအရွှေ့နောက်ဆုံးရက်က အဲဗာတန်နဲ့အပြောင်းအရွှေ့ကတော့ ပျက်ပြယ်သွားခဲ့ပါတယ်။

ဇာဟာကတော့ ပဲလေ့စ်ကနေထွက်ခွာချင်နေပြီးတော့ ပြောင်းရွှေ့ခွင့်ပေးဖို့ဖိအားပေးနေတာလဲဖြစ်ပါတယ်။

ဒါပေမယ့် ပဲလေ့စ်ဘက်ကတော့ အပြောင်းအရွှေ့နောက်ဆုံးနေ့က ဇာဟာကိုအဲဗာတန်အသင်းဆီရောင်းချဖို့ကို ငြင်းပယ်ခဲ့ပါတယ်။

အာဆင်နယ်ရဲ့ ပေါင်သန်း ၄၀ နဲ့ကမ်းလှမ်းမှုကိုလည်း သတ်မှတ်ဈေးနဲ့ကွာဟလွန်းတာကြောင့် ငြင်းပယ်ထားခဲ့ပါတယ်။

ဒါပေမယ့် အဲဗာတန်ကတော့ အမြင့်ဆုံးကမ်းလှမ်းမှုအဖြစ် ပေါင်သန်း ၇၀ နဲ့ကမ်းလှမ်းခဲ့တာပဲဖြစ်ပါတယ်။

ဇာဟာကို အဲဗာတန်အသင်းကနေထွက်ခွာသွား တိုဆန်နဲ့မက်ကာသီတို့နေရာမှာ အစားထိုးဖို့ အဲဗာတန်အသင်းကကြိုးစားခဲ့တာပါ။

#ဇာဟာ