ရှေ့သို့
Image

အန်ဖီးလ်ကွင်း အဆင့်မြင့်သွားမယ့် အစီအစဉ်ကို ထုတ်ဖော်လိုက်တဲ့ လီဗာပူး

4:30 PM, 23 August

လီဗာပူးအသင်းဟာ အန်ဖီးလ်ကွင်းကို လူဦးရေ ၆ သောင်းထက် ပိုမို ဆံ့ဝင်တဲ့ ကွင်းဖြစ်စေဖို့ အဆင့်မြင့်တင် သွားမယ်လို့ သိရပါတယ်။ လီဗာပူး ပိုင်ရှင် Fenway Sports Group ဟာ ကွင်းထဲကို ပရိသတ်တွေ ပိုမို လာရောက် အားပေးနိုင်ဖို့ အန်ဖီးလ်လမ်းကြီးနဲ့ Main Standတို့ကို ပြန်လည် ပြင်ဆင်မှုတွေ ပြုလုပ်သွားမှာပါ။

အန်ဖီးလ်ကွင်းကို ၂၀၁၆ ခုနှစ်က ပေါင် ၁၁၅ သန်းကျော် အကုန်ကျခံ ပြင်ဆင်ခဲ့ပြီး လူဦးရေ ၅၄၀၇၄ ၀င်ဆံ့ ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီထက်ပိုပြီး ပရိသတ်တွေ အားပေးနိုင်ဖို့ အစီအစဉ်အဖြစ် ထိုင်ခုံပေါင်း ၆၀၀၀၀ ကျော်ကို မြင့်တင်သွားမယ်လို့ သိရပါတယ်။

အသင်းရဲ့ စံချိန်တင် လူဝင်မှုကတော့ ၁၉၅၂ ခုနှစ်က ၀ုဗ်နဲ့ ပွဲစဉ်မှာ ပရိသတ် ၆၁၉၀၅ ယောက် လာရောက် ကြည့်ရှုခဲ့ကြတာ ဖြစ်ပါတယ်။ 

လီဗာပူးအသင်းရဲ့ စီမံရေးရာ ဥက္ကဌ အန်ဒီဟုဂျက်စ်က “သင့်တော်တဲ့ သင်ယူမှုတွေ ပြုလုပ်ပြီးတဲ့နောက်မှာ ကွင်းကို အဆင့်မြင်တင်မယ့် အစီအစဉ်တွေဟာ စတင်နေပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး အခုအချိန်မှာတော့ အန်ဖီးလ်လမ်းကြီးကို ပြန်လည်ပြုပြင်ဖို့ အာရုံစိုက်နေပါပြီ” လို့ ပြောခဲ့ပါတယ်။

#လီဗာပူး #ဝုဗ်