ရှေ့သို့
Image

မန်စီးတီးနဲ့ ကစားခဲ့ရတာက ၎င်းရဲ့ကစားသမားဘ၀ အခက်ခဲဆုံး ဖြစ်ခဲ့ကြောင်း စပါးနောက်ခံလူ ဖွင့်ဟ

10:42 AM, 23 August

စပါးနောက်ခံလူ ကိုင်လီ ဝေါ်ကာ ပီတာစ်က ပရီးမီးယားလိဂ် ချန်ပီယံလိဂ် မန်စီးတီးအသင်းနဲ့ ကစားရတာဟာ  ၎င်းရဲ့ဘ၀တစ်လျောက် အခက်ခဲ အကြမ်းတမ်းဆုံးပွဲ ဖြစ်ခဲ့ကြောင်း ဆိုပါတယ်။

နည်းပြ ပိုချက်တီနို ဦးဆောင်တဲ့ စပါးအသင်းဟာ အီတီဟက်ဒ်တွင် နှစ်ကြိမ်တိုင် ဦးဆောင်မှုကို နောက်ကနေ လိုက်ကစားပြီး သရေ ရယူခဲ့တာ ဖြစ်ပါတယ်။ ပီတာဟာလည်း ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်တဲ့ ရာဟမ် စတာလင်နဲ့  ထိပ်တိုက် ရင်ဆိုင်ခဲ့ရပါတယ်။

အသင်းဖော် လာမယ်လာက အဝေးကန်ချက်နဲ့  ချေပဂိုး မသွင်းယူမီ မန်စီးတီးကြယ်ပွင့် စတာလင်ဟာ ဒီဘရိုင်းရဲ့ ဖန်တီးပေးမှုကနေ အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

“ အရိုးသားဆုံးပြောရရင် ကျွန်တော် ကစားခဲ့ရသမျှ အခက်ခဲဆုံး ပွဲစဉ်တစ်ပွဲပါပဲ။ ဒီလိုမျိုး ကြီးမားတဲ့ ဖိအား အောက်မှာ ရှိနေခဲ့တာကို တစ်ခါမှ မကြုံဖူးပါဘူး “  ဟု ပီတာက စပါးအသင်းရဲ့ ၀က်ဆိုက်ဒ်ကနေ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

#စပါး #မနျစီးတီး #ကိုင်လီ ဝေါ်ကာ