ရှေ့သို့
Image

တော့တင်ဟမ်တိုက်စစ်မှူးဟောင်း လော်ရန်တေးကို ၂နှစ်စာချုပ်နဲ့ ယူနိုက်တက်ကမ်းလှမ်းခဲ့ဟုဆို

9:04 AM, 23 August

အီတလီမှာ ထွက်ပေါ်နေတဲ့သတင်းတွေရဲ့ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းဟာ တော့တင်ဟမ်အသင်း တိုက်စစ်မှူးဟောင်း ဖာနန်ဒိုလော်ရန်တေးကို ၂နှစ်စာချုပ်နဲ့ ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။

အသက် ၃၄နှစ် အရွယ်ရှိ စပိန်နိုင်ငံသား လော်ရန်တေးဟာ ပြီးခဲ့တဲ့ရာသီအကုန်က တော့တင်ဟမ်နဲ့စာချုပ်သက်တမ်း ကုန်ဆုံးချိန်ကတည်းက ကလပ်လက်မဲ့ဖြစ်နေခဲ့ပေမယ့် ယခုအခါပရီးမီးယားလိဂ်ကို ပြန်လာတော့မယ့်အရိပ်အယောင်တွေ မြင်တွေ့နေရပါတယ်။

အီတလီသတင်းစာ Gazetta dello Sport က ယူနိုက်တက်ဟာ လော်ရန်တေးကို ၂နှစ်စာချုပ်နဲ့ ကမ်းလှမ်းခဲ့တယ်လို့ ရေးသားဖော်ပြခဲ့တာပါ။

ယူနိုက်တက်ဟာ တိုက်စစ်မှူးလူကာကူကို အင်တာမီလန်အသင်းထံ ရောင်းချခဲ့သလို နောက်ထပ်တိုက်စစ်မှူးဖြစ်တဲ့ ဆန်းချက်ဇ်ကလည်း အိုးထရက်ဖို့ဒ်အခြေစိုက်အသင်းကနေ ထွက်ခွာဖို့ အတော်လေးနီးစပ်နေတာကြောင့် တိုက်စစ်ပိုင်းအင်အားဖြည့်တင်းဖို့ လိုအပ်နေပါတယ်။

လက်ရှိ ဆိုးလ်ရှားရဲ့တိုက်စစ်ပိုင်းမှာ မာရှယ်၊ ရက်ရှ်ဖို့ဒ်နဲ့ မေဆင်ဂရင်းဝုဒ်တို့သာ ရှိပြီး လူငယ်ကစားသမား ဂရင်းဝုဒ်က ယခုရာသီပရီးမီးယားလိဂ်ပွဲတိုင်းမှာ လူစားဝင်ကစားခွင့်ရရှိထားပါတယ်။

အင်္ဂလိပ်ဘောလုံးလောကရဲ့နွေရာသီဈေးကွက်က ပိတ်သိမ်းသွားပြီဖြစ်ပေမယ့် အသင်းတွေအနေနဲ့ ကလပ်လက်မဲ့ဖြစ်နေသူတွေကို ခေါ်ယူနိုင်ခွင့်ရရှိထားပြီး လော်ရန်တေးကို စီးရီးအေကလပ် နာပိုလီအသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

လော်ရန်တေးဟာ ပြီးခဲ့တဲ့ရာသီက တော့တင်ဟမ်အတွက် ပြိုင်ပွဲစုံ ၈ဂိုး သွင်းယူနိုင်ခဲ့ရာမှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် စီးတီးဘက်ကို သွင်းယူခဲ့တဲ့ဂိုးလည်း ပါဝင်ခဲ့ပါတယ်။

သူဟာ ဆွမ်ဆီးအသင်းနဲ့အတူ ၂၀၁၆-၁၇ ရာသီက ပရီးမီးယားလိဂ်မှာ ၁၅ဂိုး အထိ သွင်းယူနိုင်ခဲ့ပေမယ့် တော့တင်ဟမ်အတွက် စုစုပေါင်းလိဂ် ၂ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

#စပါး #မနျခကျြစတာယူနိုကျတကျ #လော်ရန်တေး