ရှေ့သို့
Image

ပေါ့ပ်ဘာအား လူမျိုးရေးအရ စော်ကားပြောဆိုသူတွေကို ဝေဖန်မှုတွေလုပ်လိုက်တဲ့ မာတာ

2:38 PM, 22 August

တနင်္လာည ၀ုဗ်အသင်းနဲ့ သရေကျခဲ့တဲ့ပွဲမှာ ပင်နယ်တီ လွဲချော်ခဲ့တဲ့ ပေါ့ပ်ဘာအား လူမျိုးရေးအရ စော်ကား ပြောဆိုမှုသူတွေကို မန်ချက်စတာယူနိုက်တက် အသင်းဖော် မာတာက ဝေဖန်ပြောဆိုလိုက်ပါတယ်။

မိုလီနက်ဇ်မှာ အောင်ပွဲရစေနိုင်မယ့် ပေါ့ပ်ဘာရဲ့ ပင်နယ်တီကို ဂိုးသမား ရူ ပက်ထရိုစီယိုက ကာကွယ် နိုင်ခဲ့ပြီးနောက် တွင်တာတွင် ပြင်သစ်သားဟာ လူမျိုးရေးအရ ခွဲခြားပြောဆိုမှုတွေ ဆက်တိုက် ခံခဲ့ရတာ ဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ဟယ်ရီ မက်ဂွါရီနဲ့  မားကပ်စ် ရက်ဖို့ ဒ်တို့ က ပင်နယ်တီ လွဲချော်ခဲ့တဲ့ အသင်းဖော် ပေါ့ပ်ဘာဘက်က ထောက်ခံ အားပေးမှုတွေ လုပ်ခဲ့သလို ယခုတစ်ဖန် မာတာကလည်း စော်ကား ပြောဆိုမှုတွေကို ဝေဖန် တိုက်ခိုက်လိုက်ပါတယ်။

“ ကျွန်တော်တို့ ဒီအကြောင်းကို မပြောသင့်တော့ပါဘူး ။ ဘာလို့ လဲဆိုတော့ လွန်ခဲ့တဲ့ နှစ်တွေကတည်းက ဒါက အမြစ်ပြတ် သွားခဲ့သင့်တာပါ “ ဟု မာတာက အီးအက်စ်ပီအမ်နဲ့ အင်တာဗျူးမှာ ဖွင့်ဟပါတယ်။

“ ဒါက ဆိုရှယ်မီဒီယာမှာ ဖြစ်ပေါ်လာတဲ့ အကြောင်းအရာတွေထဲက တစ်ခုပါပဲ။ မှန်ကန်တဲ့ အနေအထားနဲ့ သင်သုံးမယ်ဆို လူတွေနဲ့  ဆက်သွယ်ရတာက ကောင်းပါတယ်။ ဒါပေမယ့် တခြားသူတွေထံ သူတို့ရဲ့ခံပြင်းမှုတွေကို  ပြဿနာတစ်စုံတစ်ရာ မရှိဘဲ လူအများစုက ပေးလို့ အခွင့်အရေး ရနေပါတယ်။ ဘာလို့ လဲဆိုတော့ အကောင့်တုတွေ အများကြီး ရှိတတ်ပါတယ်။ ဒါတွေကို ရွေးထုတ်လို့ မရဘူး ဆိုတော့ သင်အလိုရှိရာ ပြောနိုင်သလို အရေးယူခြင်းလည်း မခံရဘူးလေ။ ဒါက ပြဿနာပါ။ ကံမကောင်းစွာဖြင့် လူတစ်ချို့ က ဒါတွေ လုပ်နေပြီး ရပ်တန့်ဖို့ လည်း လိုအပ်ပါတယ် ဒီလိုလုပ်တယ် ဆိုတာလည်း သရဲဘော ကြောင်တဲ့ လုပ်ရပ်ပါ။  ဘာလို့ လဲဆိုတော့ ဘယ်သူမှ သင့်ကို မမြင်နိုင်လို့ပါ ဒါက အဆင်မပြေပါဘူး” ဟု မာတာက ဝေဖန် ပြောဆိုသွားပါတယ်။

#မနျခကျြစတာယူနိုကျတကျ #မာတာ #ဝုဗ်