ရှေ့သို့
Image

ယူ - ၂၃ နဲ့အတူ ပွဲချိန်ပြည့် ကစားခဲ့တဲ့ ရော့ဘ်ဟိုးဒင်း

9:22 AM, 22 August

အာဆင်နယ်အသင်း နောက်ခံလူ ရော့ဘ်ဟိုးဒင်းဟာ ၉ လကြာ မြက်ခင်းစိမ်းနဲ့ လွဲချော်ခဲ့ပြီးနောက် သောကြာနေ့က ကစားခဲ့တဲ့ အဲဗာတန်ယူ -၂၃ အသင်းနဲ့ အာဆင်နယ်ယူ -၂၃ အသင်းတို့ ပွဲစဉ်မှာ အချိန်ပြည့် ပါဝင်ကစားခဲ့တာကြောင့် မကြာခင်မှာ အသင်းကြီးမှာ ပြန်ကစားဖို့ နီးစပ်လာပါတယ်။

စပေါ့မေးလ် သတင်းဌာနကတော့ ဗဟိုနောက်ခံ ကစားသမားဟာ ဒီဇင်ဘာလတုန်းက အရွတ်ကြောပြတ် ဒဏ်ရာရရှိခဲ့တာ ဖြစ်ကာ အခု အဲဗာတန်ယူ -၂၃ အသင်းနဲ့ ပွဲစဉ်မှာမှ ပွဲချိန်ပြည့် ပါဝင်ကစားခဲ့တာ ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒါကြောင့် နောက်ခံကစားသမား ဟိုးဒင်းဟာ စက်တင်ဘာလ ၁၅ ရက် နိုင်ငံတကာ ပွဲစဉ်တွေအပြီး ၀က်ဖို့ဒ်အသင်းနဲ့ ကစားမယ့်ပွဲစဉ်မှာ ပြန်လည် ပါဝင်လာနိုင်ဖွယ် ရှိနေပါတယ်။

အဆိုပါ အင်္ဂလန်သားဟာ သြဂုတ်လ ၁၂ ရက်နေ့က ကစားခဲ့တဲ့ ဘလက်ဘန်းယူ - ၂၃ အသင်းနဲ့ ပွဲစဉ်မှာ မိနစ် ၆၀ လောက်အထိ ကစားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် သောကြာနေ့က ကစားခဲ့တဲ့ အဲဗာတန်အသင်းနဲ့ ပွဲစဉ်အပြီးမှာတော့ စီနီယာအသင်းနဲ့ ပြန်လည် ပူးပေါင်းဖို့ အတော်လေး နီးစပ်လာခဲ့ပါတယ်။

လက်ရှိ ထွက်ပေါ်လာတဲ့ သတင်းတွေဟာ အာဆင်နယ်အသင်း နည်းပြအမ်မရီအတွက်တော့ ၀မ်းသာစရာ သတင်းတစ်ရပ်ဖြစ်လာခဲ့ပြီး အသင်းရဲ့နောက်တန်းမှာလည်း နောက်ခံလူ လိုအပ်ချက် ရှိနေတာကြောင့် မကြာခင်မှာ ရော့ဘ်ဟိုးဒင်းတစ်ယောက် အသင်းထံ အမြန်ဆုံး ပြန်လာဖို့ အလိုရှိနေပါတယ်။

အခြားတစ်ဖက်မှာလည်း ကွင်းလယ်ကစားသမား ဇာခါတစ်ယောက် စနေနေ့မှာ ကစားမယ့် လီဗာပူး အသင်းနဲ့ ပွဲစဉ်ကို ပြန်လည်ပါဝင်လာနိုင်ဖွယ် ရှိနေပါတယ်။

အဆိုပါ ဆွဇ်ဇာလန်ကစားသမားဟာ စနေနေ့က ကစားခဲ့တဲ့ ဘန်လေအသင်းနဲ့ အိမ်ကွင်းပွဲစဉ်ကို နောက်ကျော ဒဏ်ရာကြောင့် လွဲချော်ခဲ့တာဖြစ်ကာ နည်းပြ အမ်မရီကတော့ လာမယ့် အန်ဖီးလ်မှာ ကစားမယ့် ပွဲစဉ်အမှီ ပြန်လာနိုင်ဖို့ မျှော်လင့်နေပါတယ်။

ထို့အပြင် ကွင်းလယ်ကစားသမား အိုဇေးလ်တစ်ယောက်လည်း မကြာခင်မှာ အသင်းနဲ့အတူ ပြန်လည် ပါဝင်လာဖွယ် ရှိနေပါတယ်။

ဂျာမန်သား ကွင်းလယ်ကစားသမားဟာ လုံခြုံရေး အခြေအနေတွေကြောင့် အသင်းရဲ့ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲကို လွဲချော်ခဲ့တာဖြစ်ကာ အခုအပတ်ထဲမှာ အသင်းနဲ့အတူ အပေါ့စားလေ့ကျင့်ခန်း ဆင်းနေခဲ့ပါတယ်။

လက်ရှိ ပရီးမီးယားလိဂ်ပွဲစဉ် ၂ အပြီးမှာတော့ ၁၀၀ ရာခိုင်နှုန်း အနိုင်ရရှိတဲ့ အသင်းတွေအဖြစ် အာဆင်နယ်နဲ့ လီဗာပူးအသင်းတို့သာ ရှိနေပြီး အဆိုပါ ၂ သင်းကလည်း လာမယ့် ပွဲစဉ် ၃ မှာ ထိပ်တိုက် တွေ့ဆုံ နေတာကြောင့် ဘယ်အသင်းက နိုင်ပွဲဆက် စံချိန်ကို ဆက်ထိန်းနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

#ဟိုးဒင်း