ရှေ့သို့
Image

ဘာစီလိုနာရဲ့အဓိက ပြဿနာက ဗယ်ဗာဒီသာ ဖြစ်ကြောင်း အသင်းသားဟောင်းဝေဖန်

5:16 PM, 21 August

ဘာစီလိုနာ ကစားသမားဟောင်း ဂျော်ဂီ ဒီအလက်ဇန်ဒရိုက ဘာစီလိုနာရဲ့ အဓိက ပြဿနာက နေမာကို ပြန်လည်ခေါ်ဖို့ မဟုတ်ပဲ နည်းပြ ဗယ်ဗာဒီသာ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ 

အလက်ဇန်ဒရိုက ဘာစီလိုနာဟာ နေမာကို မလိုအပ်ပေမယ့် ကွင်းလယ်ကို ဘယ်လို ပြင်ဆင်ရမယ်ဆိုတာသိတဲ့ နည်းပြတစ်ဦး လိုအပ်တယ်လို့ ဆိုပါတယ်။ သူက ကွင်းလယ်မှာ ရာကီတစ်နဲ့ ဘက်စ်ကွက်ကို ချန်လှပ်ပြီး ရော်ဘတ်တိုကို ပွဲထွက်စေခဲ့တဲ့ ဗယ်ဗာဒီကို အရူးတစ်ယောက်လို သုံးသပ်ခဲ့ပါတယ်။

အလားတူ ဒီဂျောင်ဟာလည်း ဗယ်ဗာဒီရဲ့ လက်ထက်မှာ ထင်သလောက် အသင်းကို အကျိုးပြုစေမှာ မဟုတ်ဘူးလို့ ပြောကြားသွားခဲ့ပါတယ်။ 

#လာလီဂါ #ဘာစီလိုနာ #ဒီဂျောင်