ရှေ့သို့
Image

ဆန်ချိုကို မြင့်မားတဲ့ လစာတစ်ရပ်နဲ့ သက်တမ်းတိုးလိုက်ပြီဖြစ်တဲ့ ဒေါ့မွန်

7:43 AM, 21 August

ဒေါ့မွန် တောင်ပံကစားသမား ဂျာဒန် ဆန်ချိုဟာ တစ်ပတ်လုပ်ခ ပေါင် ၁၉၀၀၀၀နဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့ပြီ ဖြစ်ပါတယ်။ အဆိုပါ ကာလရှည်စာချုပ်ကြောင့် ဆန်ချိုဟာ တစ်နှစ်ကို ပေါင် ၁၀သန်းနီးပါး ရရှိသွားတော့မှာပါ။

အဆိုပါ စာချုပ်သစ်ကမ်းလှမ်းမှုဟာ ယမန်နှစ်က အင်္ဂလန်သားရဲ့ မန်ယူနဲ့ ပီအက်စ်ဂျီတို့ကို ငြင်းပယ်ပြီး အသင်းမှာ ဆက်ရှိဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ဖြစ်ပေါ်ခဲ့တာပါ။ ပြီးခဲ့တဲ့အတ် CIES Football Obervatoryရဲ့ သတင်းပေးပို့မှုအရ ဆန်ချိုဟာ ကမ္ဘာမှာ တန်ကြေးအမြင့်ဆုံး ကစားသမား ၅ဦးထဲမှာ ပါဝင်နေပြီး ပေါင် ၁၄၅တန်ကြေးရှိတယ်လို့ သိရပါတယ်။

ဒါကြောင့် ဒေါ့မွန်အသင်းဟာ ယခင်က တစ်ပတ်လုပ်ခ ပေါင် ၇၅၀၀၀ ရရှိနေပြီး ၂၀၂၂အထိ စာချုပ်သက်တမ်းရှိနေတဲ့ ဆန်ချိုကို မြင့်မားတဲ့ လစာနဲ့ စာချုပ်သက်တမ်းတိုးခဲ့တာ ဖြစ်ပါတယ်။ ဆန်ချိုဟာ ယမန်နှစ်ရာသီ ဒေါ့မွန်အသင်းမှာ ၁၃ဂိုး သွင်းယူနိုင်ခဲ့ပြီး ၁၅ဂိုး ဖန်တီးပေးထားခဲ့ကာ အင်္ဂလန်အသင်းရဲ့ အသင်းကြီးလူစာရင်းကို ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပါတယ်။

ဒေါ့မွန်အသင်းဟာ လာမယ့်နှစ် နွေရာသီမှာ ဆန်ချိုကို ထိန်းချုပ်ဖို့ ခက်ခဲမှာ ဖြစ်ပေမယ့် ယခုအချိန်မှာတော့ အသင်းမှာ ဆက်ကစားစေဖို့အတွက် အောင်မြင်စွာ နားချနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဆန်ချိုဟာ ၂၀၁၇ခုနှစ်က မန်စီးတီးအသင်းကနေ ထွက်ခွာခဲ့ပြီး ဒေါ့မွန်အသင်းကို ရောက်ရှိလာခဲ့ကာ အောင်မြင်မှုတွေ ရရှိနေခဲ့ပါတယ်။

မန်စီးတီးနဲ့ မန်ယူအသင်းတို့ဟာ လာမယ့်နှစ်မှာတော့ ဆန်ချိုကို အပြိုင်အဆိုင် ကမ်းလှမ်းကြမယ့် အသင်းတွေအဖြစ် ရေပန်းစားလျက် ရှိပါတယ်။

#ဆန်ချို