ရှေ့သို့
Image

လီဗာပူး အသင်းဟာ ဆုဖလားတွေရဲ့ အရသာကို ခံစားမိခဲ့ပြီးလို့ ချိန်ဘာလိန် ပြောကြား

4:30 PM, 20 August

လီဗာပူး ကွင်းလယ်လူ ချိန်ဘာလိန်က ချန်ပီယံလိဂ်ဆုဖလား ရရှိပြီးတဲ့နောက်မှာ ဆုဖလားတွေ ပိုမိုရရှိအောင် ပစ်မှတ်ထားနေတယ်လို့ ပြောကြားခဲ့ပါတယ်။

ချိန်ဘာလိန်က လီဗာပူးအသင်းဟာ ဆုဖလားတွေရဲ့ အရသာကို ခံစားမိခဲ့ပြီဖြစ်ပြီး အဓိက ဆုဖလားတွေကို ဘယ်လို ရယူရမယ်ဆိုတာကို သိရှိပြီးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ချိန်ဘာလိန်က လီဗာပူး တရားဝင် ၀က်ဘ်ဆိုက်ကို ပြောကြားခဲ့ရာမှာ "ကျွန်တော်တို့ ဆုဖလားတွေဲ့ အရသာကို ခံစားခဲ့ပြီးပါပြီ။ အဲ့ဒါက လုံးဝ မလွယ်ကူပါဘူး။ ဆုဖလားတွေ ရယူဖို့က ပိုပိုပြီး ခက်လာတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ ဘယ်လို ရယူခဲ့ရလဲဆိုတာကို သိပါတယ်"

"အဲ့ဒီမှာ ကျွန်တော့်တို့အပေါ် စမ်းသပ်ချက်တွေ ရှိခဲ့ပြီး ဒီနှစ်မှာလည်း စမ်းသပ်ချက်အသစ်တွေနဲ့ တွေ့နိုင်ပါတယ်။ ကျွန်တော် အရင်နှစ်ကထက် ပိုပြီးတော့ ဆုဖလားတွေ ရယူနိုင်ရပါတယ်။ အဓိက ဆုဖလားတွေကို ဘယ်လိုရယူရမလဲဆိုတာ ကျွန်တော်တို့ သိခဲ့ပါပြီ။ စိတ်ဓာတ်ပိုင်းအရ အသင်းက အမြင့်ဆုံး အခြေအနေမှာ ရှိနေပါတယ်။ နည်းပြကတော့ ဇွဲမလျော့တဲ့သူတစ်ဦးဖြစ်ပြီးတော့ ကျွန်တော်တို့ကို အမြဲကြိုးစားနေစေပါတယ်။ ကျွန်တော်တို့ တစ်ဦးနဲ့ တစ်ဦးတန်ဖိုးထားပါတယ်။ အဲ့ဒါကပဲ အသင်းကို တိုးတက်လာစေတာပါ” လို့ ပြောခဲ့ပါတယ်။

လီဗာပူးအသင်းဟာ စနေနေ့မှာတော့ အာဆင်နယ်အသင်းနဲ့ ဆက်လက်ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။

#လီဗာပူး #ချိန်ဘာလိန်