ရှေ့သို့
Image

ပင်နယ်တီ ဧရိယာ အပြင်ဘက်ကနေ ၉ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီဖြစ်တဲ့ ရူဘင်နီဗက်စ်

2:42 PM, 20 August

ဝုဗ်ကွင်းလယ်လူ ရူဘင်နီဗက်စ်ဟာ မန်ယူအသင်းကို ၁-၁ သရေကျခဲ့တဲ့ ပွဲစဉ်မှာ ဂိုးဧရိယာ အပြင်ဘက်ကနေ ၉ ဂိုးမြောက် သွင်းဂိုးကို သွင်းယူခဲ့ပေမယ့် ပင်နယ်တီ ဧရိယာအတွင်းမှာ ဘောလုံးထိတွေ့မှု ၆ ကြိမ်သာ ရှိခဲ့တယ်လို့ သိရပါတယ်။ 

နီဗက်စ်ဟာ မန်ယူအသင်းနဲ့ ပွဲစဉ်မှာ ၀ုဗ်အသင်းအတွက် သရေတစ်မှတ်ရစေမယ့် သွင်းဂိုးကို ဂိုးဧရိယာ အပြင်ဘက်ကနေ အပြင်း ကန်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ၀ုဗ်အသင်းကို ၂၀၁၇ ခုနှစ်က ရောက်ရှိချိန်ကနေ စတင်ပြီး နီဗက်စ်ဟာ အဝေးကန်ချက်တွေနဲ့ နာမည် ကျော်ကြားခဲ့တာ ဖြစ်ပါတယ်။

အချက်အလက်တွေအရ နီဗက်စ်ဟာ ၁၈ ကိုက် စည်းအတွင်းမှာ ဘောလုံး ၆ ကြိမ်သာ ထိထားခဲ့တာကြောင့် ပေါ်တူဂီသားရဲ့ အဝေးကန်ချက်တွေမှာ ကျော်ကြားတယ်ဆိုတဲ့ အချက်ကို ပိုမို ထင်ရှားလာစေပါတယ်။ 

နီဗက်စ်ဟာ နည်းပြ နူနိုဆန်းတို့စ်ရဲ့ လက်အောက်မှာ deep lying အဖြစ် ကွင်းလယ်မှာ ကစားခဲ့ပြီး ပြိုင်ဘက် တိုက်စစ်တွေကို ဖြတ်တောက် နေခဲ့ပါတယ်။ ဒါပေမယ့် နီဗက်စ်ဟာ ဂိုးသွင်းနိုင်ဖို့အတွက် ၁၈ ကိုက်စည်း အတွင်းကို ၀င်စရာမလိုဘဲ ဂိုးပေါက် ခြိမ်းခြောက်မှုတွေ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ 

#မနျခကျြစတာယူနိုကျတကျ #ဝုဗ် #ရူဘင်နီဗက်စ်