ရှေ့သို့
Image

အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ အဲရစ်ဆင် ဘာကြောင့် ငြင်းပယ်ခဲ့တာလဲ

10:49 AM, 20 August

ပရီးမီးယားလိဂ်ရဲ့ နွေရာသီအပြောင်းအရွှေ့မပိတ်ခင်မှာတော့ စပါးအသင်းရဲ့ကစားသမားဖြစ်တဲ့ အဲရစ်ဆင်ဟာ အသင်းတော်တော်များများက အလိုရှိနေတဲ့ကစားသမားဖြစ်ခဲ့ပါတယ်။

ဒိန်းမတ်နိုင်ငံသားဟာ ပရီးမီးယားလိဂ်မှာ ကောင်းမွန်တဲ့ကွင်းလယ်ကစားသမားတစ်ယောက်အဖြစ် ရပ်တည်နိုင်နေတာလည်းဖြစ်ပါတယ်။

စပါးအသင်းကို ၂၀၁၃ ခုနှစ်မှာ ရောက်ရှိလာခဲ့ပြီး အသင်းအတွက် ၂၇၇ ပွဲ ကစားထားကာ ၆၆ ဂိုးသွင်းယူပေးထားပါတယ်။

အင်္ဂလိပ်ဘောလုံးလောကရဲ့နွေရာသီအပြောင်းအရွှေ့မပိတ်ခင်မှာတော့ မန်ယူဟာ အဲရစ်ဆင်ကို ခေါ်ယူဖို့အတွက် အလိုရှိနေခဲ့တာဖြစ်ပါတယ်။

ဆိုးလ်ရှာကလည်း အသက် ၂၇နှစ်အရွယ် ကစားသမားကို ခေါ်ယူလိုခဲ့ပေမယ့် ပျက်ပြယ်ခဲ့တဲ့အတွက် ကြောင့် ခေါ်ယူနိုင်ခြင်းမရှိခဲ့ပါဘူး။

အကျိုးဆက်ကတော့ ပြင်သစ်နိုင်ငံသားပေါ့ဂ်ဘာက အသင်းမှာဆက်ရှိနေဖို့အတွက် ဖြစ်သွားတဲ့အတွက် ကြောင့်ဖြစ်ပါတယ်။

အဲရစ်ဆင်မှာ မန်ယူအသင်းကို ငြင်းပယ်ရတဲ့အကြောင်းပြချက်ရှိတယ်လို့ စပိန်သတင်းတွေက ဖော်ပြထားပါတယ်။

သူဟာ မက်ဒရစ်ကို ပြောင်းရွှေ့ချင်နေပြီး ဇီဒန်းရဲ့ ခေါ်ယူမှုကိုစောင့်ဆိုင်းနေတာဖြစ်ကြောင်း ဖော်ပြထားပါတယ်။ အဲရစ်ဆင်ရဲ့ စာချုပ်ဟာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်တဲ့အတွက်ကြောင့် သင့်လျော်တဲ့ ကမ်းလှမ်းမှုများရှိလာ ရင် စပါးအသင်းက ရောင်းချရမှာဖြစ်ပါတယ်။

သူ့ကိုရောင်းချပြီးရင် နည်းပြပိုချက်တီနိုမှာလည်း အစီအစဉ်ကရှိပြီးသားပါ။ သူနဲ့တစ်နိုင်ငံတည်းသာဖြစ်တဲ့ ဘက်တစ်မှ အာဂျင်တီးနားသား လိုဆယ်လိုကို အငှားဖြင့် ခေါ်ယူထားတာလည်းဖြစ်ပါတယ်။

''စပါးအသင်းဟာ နွေရာသီမှာ ကောင်းမွန်တဲ့ ကစားသမားခေါ်ယူမှုကို ပြုလုပ်ခဲ့တာလို့ ထင်ပါတယ်''လို့ စပါး ကွင်းလယ်ကစားသမားဟောင်း ဂျီးနက်စ်က ဘီဘီစီကို ပြောဆိုထားပါတယ်။

''ကျွန်တော်ရဲ့ အမြင်ကတော့ အဲရစ်ဆင်ကို ဆုံးရှုံးခဲ့ရင်တောင်အသင်းရဲ့ ကစားသမားအင်အားက တောင့်တင်းပါတယ်"

စနေနေ့က စပါးအသင်းဟာ မန်စီးတီးနဲ့ကစားခဲ့တဲ့ပွဲမှာ အငြင်းပွားဖွယ်အခြေအနေကနေ သရေရမှတ်တစ် မှတ်ကို ရရှိခဲ့တာပါ။

ဂျီးဆပ်ဟာ မန်စီးတီးအတွက် နောက်ကျဂိုးသွင်းယူခဲ့ပေမယ့် VAR ကြည့်ရှုကာဆုံးဖြတ်ခဲ့ရာမှာတော့ လာပေါ်တီဟာ လက်ဖြင့်ထိခဲ့တဲ့ အတွက်ကြောင့် ဂိုးအဖြစ် မသတ်မှတ်ခဲ့တာဖြစ်ပါတယ်။

#စပါး #အဲရစ်ဆင်