ရှေ့သို့
Image

VAR လား... ကော်ဖီသွားသောက်နေလေရဲ့...

4:05 PM, 18 August

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက မနေ့ညက တော့တင်ဟမ်နဲ့ကစားခဲ့တဲ့ပွဲမှာ VAR စနစ်ကို လှောင်ပြောင်သွားခဲ့ပြီး ပင်နယ်တီရရှိခဲ့သင့်ပေမယ့် အဲဒီအချိန်မှာ VAR က ကော်ဖီသောက်အနားယူနေကြောင်း လှောင်ပြောင်သွားပါတယ်။ စီးတီးဟာ အဲဒီပွဲရဲ့နာကျင်အချိန်ပိုမှာ ဂျီးဆပ်စ်ရဲ့သွင်းဂိုးကြောင့် အနိုင်ရရှိသွားပြီလို့ထင်မှတ်ခဲ့ပေမယ့် VAR ပြန်ကြည့်တဲ့အခါ အဲဒီဂိုးအတွက် Build-up လုပ်ရာမှာ နောက်ခံလူလာပေါ်တီ လူကျွံနေကြောင်း တွေ့ရှိခဲ့လို့ ဂိုးအဖြစ် ခွင့်မပြုခဲ့ပါဘူး။

ဂွါဒီယိုလာက အဲဒီဖြစ်ရပ်နဲ့ပတ်သက်လို့ သိပ်မဝေဖန်ခဲ့ပေမယ့် ပင်နယ်တီဧရိယာအတွင်း ရိုဒရီကို တော့တင်ဟမ်ကွင်းလယ်လူ လာမယ်လာ ဥပဒေပကစားတာကို VAR ပြန်မကြည့်ခဲ့တဲ့ဖြစ်ရပ်နဲ့ပတ်သက်လို့ ပြင်းထန်စွာဝေဖန်သွားပါတယ်။ ''ကျွန်တော်တို့အသင်း ထောင့်ကန်ဘောကန်ချိန်မှာ လာမယ်လာကြောင့် ရိုဒရီ လဲကျသွားပေမယ့် VAR တောင် ပြန်မကြည့်ခဲ့ဘူး။ အဲဒီအချိန်မှာ VAR က ကော်ဖီသောက် အနားယူနေတယ်လေ''လို့ ဂွါဒီယိုလာက ဆိုပါတယ်။

#စပါး #မန်စီးတီး #လာမယ္လာ #ရိုဒရီ