ရှေ့သို့
Image

နောဝစ်ခ်ျ - နယူးကာဆယ် ပွဲကြိုခန့်မှန်းချက် (စနေည ၈း၃၀ )

2:37 PM, 17 August

နောဝစ်ခ်ျ - နယူးကာဆယ် ပွဲကြိုခန့်မှန်းချက်  (စနေည ၈း၃၀ )

ကစားမယ့်ပွဲ - ပရီးမီးယားလိဂ်ပွဲစဉ်  (၂)
ကစားမယ့်နေ့ - ၁၇.၈.၂၀၁၉၊စနေ ည ၈း၃၀(မြန်မာစံတော်ချိန်)
ကစားမယ့်ကွင်း - ကာရိုးရုတ်
ကွင်းလယ်ဒိုင် - စတူးဝတ် အက်ဝဲလ်
စည်းကြပ်ဒိုင် - ဟတ်ဇီဒါကစ်၊ ဒါရတ် အီတန်
စတုတ္ထဒိုင် - တွမ် နီးလ်
VAR ဒိုင် - ဆိုင်မွန် ဟော့ပါး
VAR အကူဒိုင် - နေးလ် ဒေးဗီးစ်

နောဝစ်ခ်ျ ဒဏ်ရာရလူစာရင်း - ဇင်မာမန်း၊ သွမ်ဆန်၊ တင်မ် ကလို့စ်၊ ဒါမစ်၊ ဟာနန်ဒက်စ်၊ အမ်ပါဒူ(ကြံ့ခိုင်မှု မပြည့်)၊မက်လင်း (မသေချာ)
နယူးကာဆယ် ဒဏ်ရာရလူစာရင်း - ယက်ဒလင်၊ လီဂျွန်း၊ ဒွိုက်ဂေးလ်၊ အက်စ်ဆု၊ ကာရိုး(ကြံ့ခိုင်မှုမပြည့်)၊ ရှယ်ဗေး (မသေချာ)၊ ကိုးလ်ဘတ် (မသေချာ)၊ မက်ဆီမင်(မသေချာ)

အိမ်ရှင် နောဝစ်ခ်ျ အသင်းအခြေအနေ
==================
နောဝစ်ခ်ျအသင်းဟာ အဓိက ကစားသမားတွေ ဒဏ်ရာရနေပြီး အဓိက နောက်ခံလူ ၂ဦးပါ ဒဏ်ရာ ရရှိနတာကြောင့် နယူးကာဆယ်ကို ယှဉ်ပြိုင်ဖို့ ခက်ခဲလာနိုင်ပါတယ်။

ဧည့်သည် နယူးကာဆယ် အသင်း အခြေအနေ
=================
နယူးကာဆယ်အသင်းဟာလည်း ဒဏ်ရာရ ကစားသမား များပြားနေပေမယ့် အာဆင်နယ်အသင်းကို ၁ဂိုဲးနဲ့ ကပ်ပြီး ရှုံးနိမ့်ခဲ့ပါတယ်။
ထူးခြားချက်
================
နောဝစ်ခ်ျအသင်းဟာ နယူးကာဆယ်နဲ့ ရင်ဆိုင်ခဲ့တဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၄ပွဲကို ဂိုးပေါ်ကစားထားပါတယ်။

နယူးကာဆယ်အသင်းဟာ နောဝစ်ခ်ျအသင်းကို အဝေးကွင်းမှာ ရင်ဆိုင်ခဲ့တဲ့ နောက်ဆုံး ၆ပွဲမှာ ၁ပွဲမှ အနိုင်မရခဲ့ပါဘူး။

ခန့်မှန်းချက်
===========
အစဉ်လာတွေအရ ဂိုးပေါ်တတ်သလို နောဝစ်ခ်ျ နောက်ခံလူတွေလည်း ဒဏ်ရာ ရနေခဲ့လို့ ဂိုးပေါ်ကိုပဲ ရွေးချယ်ပေးချင်ပါတယ်။

နောဝစ်ခ်ျက ကြေးတွေတက်လာသလို ဂိုးပေါင်းကြေးတွေကလည်း ၂-၂၀ ကနေ ၂-၉၀ အထိ ဖြစ်လာပါတယ်။ တိုက်စစ်ဖွင့်ကစားမယ့်ပွဲဖြစ်လို့ သာသာယာယာဖြစ်လာနိုင်တဲ့ဂိုးပေါ်ပဲ ကစားစေချင်ပါတယ်။


#ပှဲကွိုသုံးသပျခကျြ #နောဝစ်ခ်ျ