ရှေ့သို့
Image

လုံခြုံရေးကြောင့် အိုဇေးလ်နဲ့ ကိုလာစီနက်တို့ ပွဲစဉ်တော်တော်များများလွဲချော်မှာကို စိုးရိမ်နေတဲ့ အာဆင်နယ်

12:23 PM, 13 August

အာဆင်နယ်အသင်းကတော့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်ကို လုံခြုံရေးအကြောင်းပြချက်ကြောင့် လွဲချော်ခဲ့တဲ့ အိုဇေးလ်နဲ့ ကိုလာစီနက်တို့ နောက်လာမယ့်ပွဲစဉ်တွေမှာလည်း ဆက်တိုက်လွဲချော်မှာကို စိုးရိမ်ထိတ်လန့်နေပါတယ်။

အဆိုပါကစားသမား ၂ဦးဟာ နယူးကာဆယ် အသင်းနဲ့ပွဲစဉ်ကို ပြီးခဲ့တဲ့လက လန်ဒန်မှာဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှု ခံရတဲ့ဖြစ်ရပ်ကြောင့် လွဲချော်ခဲ့တာဖြစ်ပါတယ်။

ထို့အပြင် အဆိုပါဖြစ်ရပ်ရဲ့နောက်ဆက်တွဲကြောင့်လည်း အိုဇေးလ်နဲ့ ကိုလာစီနက်တို့ဟာ လာမယ့် ပွဲစဉ်ကိုတွေကို ဆက်လက်လွဲချော်ဖို့ရှိနေပါတယ်။

အိုဇေးလ်နဲ့ ကိုလာစီနက်တို့ဟာ လန်ဒန်မှာဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်ရဲ့ အဓိက လူတွေအဖြစ် ပါဝင်ပတ်သက်နေတာဖြစ်ပါတယ်။

လန်ဒန်ရဲတပ်ဖွဲ့ကတော့ အိုဇေးလ်ရဲ့အိမ်အပြင်ဖက်က လူ ၂ဦးကို သံသယရှိသူအဖြစ် ပြီးခဲ့တဲ့အပတ်က ဖမ်းဆီခြဲ့ပီး ဂျာမန်သားရဲ့နေအိမ်ကိုလည်း ၂၄နာရီ စောင့်ကြည့်စေခဲ့ပါတယ်။

စိန့်ဂျိမ်းပါ့ခ်မှာ ကစားခဲ့တဲ့ပွဲစဉ်ကိုလွဲချော်ခဲ့ပေမယ့် အင်္ဂါနေ့မှာတော့ အိုဇေးလ်နဲ့ ကိုလာစီနက်တို့ အသင်းနဲ့ပြန်လည် ပူးပေါင်းဖွယ်ရှိနေပါတယ်။

အာဆင်နယ်အသင်းနည်းပြ အမ်မရီကတော့ အဓိက ကစားသမား ၂ဦးကို အသင်းနဲ့အမြန်ဆုံး ပြန်လည်ပူးပေါင်းဖို့အတွက် အလိုရှိနေပြီး လာမယ့် ဘန်လေအသင်းနဲ့ပွဲစဉ်မှာ ပါဝင်နိုင်ဖို့မျှော်လင့်နေပါတယ်။

သတင်းတွေအရတော့ အာဆင်နယ်ကွင်းလယ်ကစားသမား အိုဇေးလ်ဟာ လန်ဒန်မှာ လူနေမှုဘ၀ မလုံခြုံတော့တာကြောင့် အသင်းကနေထွက်ခွာဖို့ပြင်ဆင်နေတယ်လို့ ဖော်ပြနေကြပါတယ်။

ဂျာမန်သားကွင်းလယ်ကစားသမားကိုတော့ အမေရိကန်ကလပ် ဒီစီယူနိုက်တက်အသင်းက ခေါ်ယူဖို့ ချိတ်ဆက်နေပြီး တိုက်စစ်မှူး ရွန်းနီရဲ့နေရာမှာ အစားထိုးဖို့ စီစဉ်နေပါတယ်။

ဒါပေမယ့် တနလာင်္နေ့က ဖော်ပြခဲ့တဲ့ သတင်းတွေအရတော့ ဂျာမန်သားဟာ အမေရိကမြေကို ပြောင်းရွှေ့လိုခြင်းမရှိဘူးလို့ ထပ်မံဖော်ပြခဲ့ကြပါတယ်။

#ကိုလာစီနက်စ်