ရှေ့သို့
Image

အဆုံးသတ်မှာ ဘာစီလိုနာ ဒါမှမဟုတ် ပီအက်စ်ဂျီ တစ်သင်းသင်းထံ တီယာနေး ရောက်ရှိနိုင်

8:12 AM, 13 August

ဆဲလ်တစ်အသင်းခေါင်းဆောင် စကော့ဘရောင်းက တကယ်လို့ အသင်းဖော်ဟောင်း တီယာနေးသာ အာဆင်နယ်အသင်းမှာ ခြေစွမ်းပြနိုင်ရင် အဆုံးသတ်မှာ ဘာစီလိုနာ ဒါမှမဟုတ် ပီအက်စ်ဂျီတစ်သင်းသင်းထံ ရောက်ရှိသွားနိုင်ကြောင်း သုံးသပ်လိုက်ပါတယ်။ အသက် ၂၂နှစ်အရွယ်ရှိ စကော့တလန်လက်ရွေးစင် တီယာနေးဟာ နွေရာသီဈေးကွက်နောက်ဆုံးနေ့တွင် ဆဲလ်တစ်ကနေ အာဆင်နယ်ကို ပေါင် ၂၅သန်းနဲ့ ရောက်ရှိလာသူဖြစ်ပြီး အူကျရောဂါခွဲစိတ်ကုသမှုကနေ ကြံ့ခိုင်မှုအပြည့်ပြန်လည်ရရှိချိန်မှာ ပွဲထွက်ခွင့်အတွက် မွန်ရီရယ်၊ ကိုလာစီနက်တို့နဲ့ အားပြိုင်ရတော့မှာဖြစ်ပါတယ်။
အသက် ၃၄နှစ်အရွယ်ရှိ ကွင်းလယ်လူဘရောင်းက တကယ်လို့ တီယာနေးဟာ အခုပုံစံအတိုင်း ဆက်လက်ခြေစွမ်းပြနိုင်ရင် နောက်ထပ်ကြီးမားတဲ့အပြောင်းအရွှေ့ဖြစ်ပေါ်လာလိမ့်မယ်လို့ ဆိုပါတယ်။ ''ဘာတွေဖြစ်လာနိုင်မလဲဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး။ သူဟာ စိတ်လှုပ်ရှားစရာကောင်းတဲ့နှစ်တွေကို ဆက်လက်ပိုင်ဆိုင်နိုင်ဦးမှာဖြစ်ပြီး ဘာစီလိုနာ ဒါမှမဟုတ် ပီအက်စ်ဂျီ တစ်သင်းသင်းဆီ ရောက်နိုင်ပါတယ်"လို့ ဘရောင်းက ပြောပါတယ်။
ဒါ့အပြင် ဘရောင်းက တီယာနေးရဲ့အပြောင်းအရွှေ့အတွက် ဆဲလ်တစ်အသင်းမှာ ဘယ်သူမှဒေါသမထွက်ဘဲ တကယ်လို့ တစ်နေ့နေ့မှာ အသင်းကို တီယာနေးပြန်ရောက်လာရင်လည်း နွေးထွေးစွာကြိုဆိုသွားမယ်လို့ဆိုပါတယ်။

#ဘာစီလိုနာ #တီယာနေး