ရှေ့သို့
Image

အဲရစ်ဆင်ကို လစာ၂ဆပေးချေကာ စာချုပ်သက်တမ်းတိုးဖို့ တော့တင်ဟမ်အသင့်ရှိနေ

8:02 AM, 13 August

တော့တင်ဟမ်အသင်းဟာ ကွင်းလယ်လူ အဲရစ်ဆင်ကို သက်တမ်းရှည် စာချုပ်ချုပ်နိုင်ဖို့အတွက် လစာ၂ဆအထိ ပေးချေကာ ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။ ဒါပေမယ့် အသင်းက ထွက်ခွာဖို့ အဲရစ်ဆင်ရဲ့ ဆုံးဖြတ်ချက်ဟာ ငွေတစ်ခုတည်းကိုသာ မူတည်တာမဟုတ်တာကြောင့် တော့တင်ဟမ်အနေနဲ့ အခက်အခဲတွေ ရင်ဆိုင်သွားရဖွယ် ရှိနေပါတယ်။
တော့တင်ဟမ်အသင်းကတော့ အဲရစ်ဆင်ကို စာချုပ်သက်တမ်းတိုးနိုင်ဖို့ အပူတပြင်း ဆောင်ရွက်နေပြီး ယခုရရှိနေတဲ့ တစ်ပတ်လုပ်ခ ပေါင် ၈၀၀၀၀ရဲ့ ၂ဆဖြစ်တဲ့ ပေါင် ၂၀၀၀၀၀ ၀န်းကျင်အထိ တိုးကာ ကမ်းလှမ်းသွားဖို့ ရှိနေပါတယ်။
ဒါပေမယ့် အဲရစ်ဆင်ကတော့ အဆိုပါ စာချုပ်သစ်ကို သက်တမ်းတိုးဖို့ အာမခံချက် မပေးထားသလို ဥရောပ အသင်းကြီးတစ်သင်းမှာ ကစားချင်တဲ့ ဆန္ဒကို အတိအလင်း ၀န်ခံထားခဲ့ပါတယ်။ နွေရာသီမှာတော့ ရီးရဲလ်မက်ဒရစ်နဲ့ ဂျုဗင်တပ်စ်အသင်းတို့က ဒိန်းမတ် ကွင်းလယ်လူကို ချိတ်ဆက်မှုတွေ ပြုလုပ်လျက် ရှိနေပါတယ်။
ဒါကြောင့် ပေါင် သန်း၁၀၀ခန့် တန်ကြေးရှိတဲ့ ကစားသမားကို လာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရမယ့်အရေးက တော့တင်ဟမ်အတွက် စိတ်ပူစရာ ကိစ္စတစ်ခု ဖြစ်လာခဲ့ပါတယ်။
သတင်းတွေအရတော့ အဲရစ်ဆင်ဟာ အသင်းတစ်သင်းကို ပြောင်းရွှေ့ဖို့ သင့်တော်တဲ့ စာချုပ်ဖျက်သိမ်းကြေးနဲ့ ဆိုရင်တော့ အဲရစ်ဆင်ဟာ စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ဥက္ကဌ လီဗိုင်းကတော့ အဲရစ်ဆင်ကို ယခုနှစ် နွေရာသီမှာပဲ ရောင်းချလိုနေပြီး အဆိုပါ အပြောင်းအရွှေ့သာ ဖြစ်ပေါ်ခဲ့မယ်ဆိုရင်တော့ နည်းပြ ပိုချက်တီနိုအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်လာမှာပါ။
အဲရစ်ဆင်ရဲ့ အရေးပါမှုကို အက်စ်တွန်ဗီလာအသင်းနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ မြင်တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာတော့ အဲရစ်ဆင် အရန်မှာပဲ ရှိနေတဲ့အချိန်မှာ အက်စ်တွန်ဗီလာအသင်းက ၁-၀နဲ့ ဦးဆောင်ထားခဲ့ပြီး အဲရစ်ဆင် ပါဝင်လာချိန်မှာတော့ တော့တင်ဟမ်က ၃-၁ဂိုးနဲ့ ပြန်လည် အနိုင်ရရှိသွားခဲ့ပါတယ်။

#အဲရစ်ဆင် #တော့တင်ဟမ်