ရှေ့သို့
Image

ပထမဆုံးဂိုးမသွင်းခင် ဆိုးလ်ရှား ဘာမှာလိုက်တာလဲဆိုတာ ဖွင့်ဟလာတဲ့ ဂျိမ်းစ်

8:52 PM, 12 August

ယူနိုက်တက်အသင်းတောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်ဟာ စနေနေ့က ချဲလ်ဆီးကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းသစ်အတွက် ပထမဆုံးဂိုးမသွင်းနိုင်ခင် နည်းပြဆိုးလ်ရှား ဘာမှာလိုက်တာလဲဆိုတာ ဖွင့်ဟလာပါတယ်။ ပွဲပြီးဖို့ ၁၆မိနစ်အလို ဂျိမ်းစ် လူစားဝင်မကစားခင် ယူနိုက်တက်ဟာ ရက်ရှ်ဖို့ဒ်(၂ဂိုး)၊ မာရှယ်တို့ရဲ့သွင်းဂိုးတွေနဲ့အတူ ချဲလ်ဆီးကို ၃ဂိုးပြတ်ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ဝေးလ်လက်ရွေးစင် ဂျိမ်းစ်ကလည်း လူစားဝင်လာပြီးနောက် ပွဲချိန် ၈၁မိနစ်မှာ အသင်းသစ်အတွက် ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့ပြီး ပရိသတ်တွေကို ပိုမိုကျေနပ်စေခဲ့ပါတယ်။ သူလူစားမ၀င်ခင် ကွင်းဘေးစည်းမှာ ဆိုးလ်ရှား သူ့ကို မှာကြားလိုက်တာနဲ့ပတ်သက်လို့ ဂျိမ်းစ်က ''ကွင်းထဲသွားပြီး အေးဆေးကစားကောင်လေး။ တို့က ၃ဂိုးပြတ်ဦးဆောင်နေပြီ။ ဒီတော့ အေးဆေးသွားပြီး ရာသီကြိုမှာ မင်းဘာတွေလုပ်ထားလဲဆိုတာပဲ ပရိသတ်တွေသိသွားအောင် လုပ်ပြလိုက်။ အလုပ်ကြိုးကြိုးစားစားလုပ်ရင် မင်းလည်း ကိုယ့်အခွင့်အရေး ကိုယ်ရလာမှာပါ ဆိုပြီး ဆိုးလ်ရှားက ကျွန်တော့်ကို အားပေးခဲ့ပါတယ်''လို့ ပြောပါတယ်။

နောက်ပြီး ဂျိမ်းစ်က ယူနိုက်တက်ရဲ့ကစားပုံအရ တန်ပြန်တိုက်စစ်ကို ဘယ်လောက်အန္တရာယ်ရှိရှိ ကစားနိုင်စွမ်းရှိလဲဆိုတာ သက်သေပြနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒ့ါအပြင် ဂျိမ်းစ်က ယူနိုက်တက်အတွက် သူ့ရဲ့ပထမဆုံးသွင်းဂိုးက ဆွမ်ဆီးကနေ အိုးထရက်ဖို့ဒ်ကို မပြောင်းရွှေ့ခင်မှာ ကွယ်လွန်သွားတဲ့ ဖခင်ဖြစ်သူအတွက် ရည်မှန်းကြောင်း ဆိုပါတယ်။ 

''တကယ်လို့ အဖေသာ အခုချိန်ရှိနေသေးရင် တကယ့်ကို အံ့အားသင့်စရာတွေဖြစ်လာမှာပါ။ ကျွန်တော့်ရဲ့သွင်းဂိုးက အဖေ့ကို ရည်ညွန်းပါတယ်''လို့ ဂျိမ်းစ်က ပြောပါတယ်။

#မနျခကျြစတာယူနိုကျတကျ #ဆိုးလ်ရှား #ဒန်နီရယ် ဂျိမ်းစ်