ရှေ့သို့
Image

အသင်းကနေ ပိုချက်တီနိုထွက်သွားမှာကို ဂျီးနပ်စ် စိုးရိမ်နေ

11:14 AM, 11 August

စပါးအသင်းနည်းပြပိုချက်တီနိုဟာ အသင်းကနေထွက်ခွာဖို့အတွက် ဆွဲဆောင်ခြင်းခံရနိုင်တယ်လို့ ကစားသမား ဟောင်း ဂျီးနပ်စ်ကပြောဆိုလိုက်ပါတယ်။

'' ဥပမာအားဖြင့် ရီးရဲလ်ကသူ့ကိုခေါ်ယူဖို့အတွက် လုပ်ဆောင်လာနိုင်ပြီး ပိုချက်တီနိုဟာ မက်မောဖွယ်ရာ ကမ်းလှမ်းမှု ရရှိလာနိုင်ပါတယ်''လို့ စပါးအသင်းရဲ့ကွင်းလယ်ကစားသမားဟောင်းက Express Sport သို့ပြောပါတယ်။

''အဲ့ဒီကိုသွားခဲ့ပြီးဆုဖလားတွေရရှိခဲ့ပါက သူဟာ အခြားသောရီးရဲလ်နည်းပြတွေလိုပဲ ဖြစ်လာမှာပါ။ သို့သော် လည်း အချိန်ယူပြီး ကြိုးစားပြီး ပြင်ဆင်ခဲ့ကာစပါးအသင်းမှာ ကြီးမားတဲ့အောင်မြင်မှုကိုရရှိခဲ့ရင်တော့ အရမ်းကိုထူးခြားသွားမှာဖြစ်ပါတယ်''

''သူကအသင်းမှထွက်သွားခဲ့မယ်ဆိုရင် အနိုင်ရရှိတဲ့ ဆုတံဆိပ်နှင့်သူကထိုက်တန်ပါတယ်။ စပါးအသင်းဟာ ၂၀၀၈ ခုနှစ်မှာ နောက်ဆုံးအကြိမ် ဆုဖလားရရှိထားတာဖြစ်ပြီးကျွန်တော်ကကစားခဲ့တာဖြစ်တဲ့အတွက် အဲဒီအချိန်ကိုမှတ်မိပါသေးတယ်"

''ကစားသမားတွေက စိတ်အားထက်သန်နေကြပေမယ့် မန်စီးတီး၊ လီဗာပူးတို့ဟာ ပြိုင်ပွဲတိုင်းမှာ တောင့် တင်းတဲ့အသင်းတွေဖြစ်တဲ့အတွက်ကြောင့် သူတို့တွေကို ကျော်ပြီး ဆုဖလားရရှိနိုင်ဖို့ဆိုတာက မလွယ်ကူပါဘူး''

'' သူတို့ရဲ့ ပထမဆုံးဆုဖလားကိုရရှိဖို့ စိတ်အားထက်သန်နေတယ်ဆိုတာကို ကျွန်တော်သိပါတယ် ''

''ချန်ပီယံလိဂ်ဖိုင်နယ်ရောက်ရှိခဲ့တာကအရမ်းကိုကောင်းပါတယ်၊ ပြန်ကြည့်လိုက်မယ်ဆိုရင် သူတို့ကပိုပြီး ကောင်းမွန်အောင်လုပ်နိုင်ခဲ့ပေမယ့် ဆုဖလားနဲ့လွဲချော်ခဲ့ပါတယ်''

'' ပထမဆုံးနဲ့ ဦးစားပေးကတော့ ထိပ်ဆုံး ၄သင်းဝင်ရောက်ပြီး ချန်ပီယံလိဂ်မှာ ပုံမှန်ကစားဖို့ပဲဖြစ်ပါတယ်''လို့ ဂျီး နပ်စ်က ပြောပါတယ်။

#စပါး #ပိုချက်တီနို