ရှေ့သို့
Image

ကြီးမားတဲ့ကွာခြားမှုကိုဖြစ်စေမယ့် ကစားသမားခေါ်ယူမှု ယူနိုက်တက်မလုပ်နိုင်ခဲ့ဘူးလို့ ပေါလ်စခိုးလ် ထောက်ပြ

11:09 AM, 11 August

အပြောင်းအရွှေ့ကာလအတွင်း ယူနိုက်တက်ဟာ ကြီးမားတဲ့ ကွာခြားမှုကိုဖြစ်စေမည့် ကစားသမားခေါ်ယူမှု မလုပ်နိုင်ခဲ့ကြောင်း ပေါလ်စခိုးကပြောဆိုလိုက်ကာ အဲရစ်ဆင်လိုကစာသမားမျိုးကလည်း ယူနိုက်တက်အသင်း လိုအပ်နေတဲ့ ကစားသမားမျိုးဖြစ်ကြောင်း ပြောလိုက်ပါတယ်။

''နာမည်စာရင်းထဲမှာအဲရစ်ဆင်ရဲ့နာမည်ပါလာတော့ ကျွန်တော်က တော်တော်လေးကိုစိတ်လှုပ်ရှားခဲ့ပါတယ်'' လို့ သူကရေဒီယို ၅ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအစီစဉ်သို့ပြောပါတယ်။

''မန်စီးတီးအတွက် ဒီဘရိုင်းကစားပေးသလိုမျိုး သူဟာမန်ယူအသင်းအတွက် အခွင့်အရေးတွေ ဖန်တီးပေးပြီး ဂိုးတွေသွင်းယူကာ ကြီးမားတဲ့ ကွာခြားမှုကြီးဖြစ်သွားအောင် လုပ်နိုင်စွမ်းရှိပါတယ် ''

'' သူ့ကိုမခေါ်ယူနိုင်ခဲ့သော်လည်း မန်ယူတွင် အခြားကောင်းမွန်တဲ့ ကစားသမားတွေရှိကာအသင်းရဲ့ ရည်မှန်းချက်ဖြစ်တဲ့ထိပ်ဆုံး၎သင်းအဆင့်သို့ဝင်ရောက်ဖို့ကိုတော့ သူတို့ကလုပ်ဆောင်နိုင်ကြမှာပါ ''

ဘယ်လ်ဂျီယံနိုင်ငံသားလူကာကူကလည်းစီးရီးအေကလပ်ဖြစ်တဲ့ အင်တာသို့ပြောင်းရွေ့သွားပြီဖြစ်ကာ ဆိုးလ် ရှားကတော့ ဂိုးတွေများများမသွင်းယူနိုင်တဲ့အတွက် ထွက်ခွာခွင့်ပြုခဲ့တာဖြစ်ပါတယ်။

''အထောင်တိုက်စစ်အတွက် ကစားသမားလိုအပ်တယ်ဆိုရင် ဒါကကျွန်တော့်အတွက်ကတော့ မမှန်ပါဘူး'' လို့ အင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်းကပြောပါတယ်။

''မန်ယူမှာရက်ခ်ျဖို့ဒ်၊ မာရှယ်နှင့် ဂရစ်ဝုဒ်လိုကစားသမားတွေရှိပြီး သူတို့တွေကတကယ့်ကိုနံပါတ် ၉ လို ကစားသမားတွေပါပဲ "

''ကျွန်တော်တို့ကစောင့်ကြည့်ရမှာပါ။ သူတို့ကတွေကတောင်ပံနှင့် အထောင်တိုက်စစ်နှစ်နေရာလုံးမှာ ကစား နေရတာလို့ ထင်ပါတယ်''

''တစ်ရာသီအတွင်းဂိုးပေါင်း ၂၅ ဂိုးကနေဂိုး ၃၀ လောက်သွင်းယူနိုင်တယ်ဆိုတာကို သူတို့က သက်သေ မပြရ သေးတာဖြစ်ပါတယ်''

#စပါး #မနျခကျြစတာယူနိုကျတကျ #အဲရစ်ဆင်