ရှေ့သို့
Image

ယူနိုက်တက်နဲ့ပွဲမှာ အာဆင်နယ်အတွက် တီယာနေး ပထမဆုံးပွဲထွက်ကစားခွင့်ရဖွယ်ရှိ

2:12 AM, 11 August

ကြံ့ခိုင်မှုအပြည့်ရဖို့ ရုန်းကန်နေရတဲ့ အာဆင်နယ်အသင်းဘယ်နောက်ခံလူ တီယာနေးဟာ အသင်းသစ်အတွက် သူ့ရဲ့ပထမဆုံးပွဲဦးထွက်အဖြစ် ယူနိုက်တက်နဲ့ပွဲမှာ ပါဝင်ကစားခွင့်ရဖွယ်ရှိနေကြောင်း သိရပါတယ်။ စကော့တလန်လက်ရွေးစင် တီယာနေးဟာ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ဆဲလ်တစ်ကနေ အာဆင်နယ်ကို ပေါင် ၂၅သန်းနဲ့ ရောက်ရှိလာခဲ့သူဖြစ်ပြီး ဆေးစစ်ဆေးမှုအောင်မြင်ခဲ့ပေမယ့် လအနည်းငယ်အတွင်း အူကျရောဂါခွဲစိတ်ကုသမှု ၂ကြိမ်ပြုလုပ်ခဲ့ရာကနေ သက်သာလာဖို့ ကြိုးစားနေရပါတယ်။

တီယာနေးဟာ လက်ရှိအချိန်မှာ အာဆင်နယ်အသင်းဆေးအဖွဲ့ရဲ့အနီးကပ်ညွှန်ကြားမှုအောက်မှာ ကြံ့ခိုင်မှုအမြန်ဆုံးရလာဖို့ ကြိုးစားနေပြီး ရက်သတ္တပတ် ၆ပတ်အတွင်း လေ့ကျင့်ခန်းပြန်ဆင်းနိုင်ဖွယ်ရှိနေကြောင်း သိရပါတယ်။ အာဆင်နယ်က စက်တင်ဘာလ ၃၀ရက်နေ့မှာ ယူနိုက်တက်နဲ့အဝေးကွင်းပွဲကစားရမှာဖြစ်ရာ အစီအစဉ်အတိုင်းဖြစ်လာမယ်ဆိုရင် တီယာနေးရဲ့ပွဲဦးထွက်ပွဲက ယူနိုက်တက်နဲ့ပွဲဖြစ်လာနိုင်ပါတယ်။

အာဆင်နယ်အသင်းဟာ ၂၀၁၉ နွေရာသီဈေးကွက်ကာလတစ်လျှောက်လုံး အသက် ၂၂နှစ်အရွယ်ရှိ တီယာနေးကို ခေါ်ယူနိုင်ဖို့ ကြိုးစားခဲ့ရပြီး အသက်အရွယ်ရလာပြီဖြစ်တဲ့ မွန်ရီရယ်နဲ့ ခံစစ်ကစားပုံအားနည်းတဲ့ ကိုလာစီနက်တို့ကြောင့် သူ့ကို ဦးစားပေးကစားသမားအဖြစ် အသုံးပြုဖွယ်ရှိနေပါတယ်။

#မနျခကျြစတာယူနိုကျတကျ #တီယာနေး