ရှေ့သို့
Image

ယခုနှစ်ရာသီမှာဆုဖလားတွေရရှိဖို့လိုအပ်ကြောင်း ပိုချက်တီနိုဝန်ခံ

12:32 PM, 10 August

တော့တင်ဟမ်နည်းပြ ပိုချက်တီနိုက လာမယ့်ရာသီမှာ အဆင့်၎ အတွင်း ၀င်ရောက်ရုံနဲ့ မလုံလောက်တော့ပဲ ဆုဖလားတွေ ရယူဖို့ လိုအပ်ကြောင်း ၀န်ခံပြောကြားခဲ့ပါတယ်။ ပိုချက်တီနိုက ဇန်န၀ါရီလက ဆုဖလားတွေ ရရှိတာဟာ အတ္တစိတ်သာ တိုးပွားလာကြောင်း ပြောကြာခဲ့ပြီး ချန်ပီယံလိဂရ်ဝင်ခွင့်ပုံမှန် ရဖို့သာ အရေးကြီးကြောင်း ပြောခဲ့ပါတယ်။

ဒါပေမယ့် အက်စ်တွန်ဗီလာအသင်းနဲ့ မကစားမီ သတင်းစာရှင်းလင်းပွဲမှာတော့ ပိုချက်တီနိုက လာမယ့်ရာသီအတွက် အဓိကပစ်မှတ်က ၁၁နှစ်ကြာ ဝေးကွာနေတဲ့ စပါးအသင်းရဲ့ ဆုဖလားတွေကို ရယူပေးဖို့ဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

ပိုချက်တီနိုက"ကျွန်တော် ၆နှစ်ကြာ ကိုင်တွယ်လာတဲ့အသင်းအတွက် ယခုအချိန်မှာတော့ ဆုဖလား ရယူပေးချိန်တ်ပါပြီ။ ဒီကိစ္စက ကျွန်တော့်ခွေးလိုပါပဲ။ သူ ကြီးပြင်းလာပေမယ့် အတွေ့အကြုံ မရင့်ကျက်သေးပါဘူး။ ဒါကြောင့် ကျွန်တော် အသင်းသားတွေကိုကော ကလပ်ကိုကော ဘာ ဖိအားမှ မပေးပါဘူး။ ဒါပေမယ့် ခင်ဗျား ကျွန်တော့်ရဲ့ ဆန္ဒကို မေးလာမယ့်ဆိုရင်တော့ လာမယ့်ရာသီက ထိပ်သီး(၄)သင်းထဲ ၀င်ရုံနဲ့ အောင်မြင်တဲ့ရာသီလို့ ပြောလို့ မရတော့ပါဘူး။ ကျွန်တော့်အတွက်တော့ ဆုဖလား ရရှိတာကသာ အောင်မြင်တယ်လို့ ပြောရမှာပါ"လို့ ပြောခဲ့ပါတယ်။

ပိုချက်တီနိုဟာ ယမန်နှစ် ရာသီက တော့တင်ဟမ်အသင်းကို ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရောက်ရှိအောင် ပို့ဆောင်ပေးခဲ့ပေမယ့် ဗိုလ်လုပွဲမှာတော့ လီဗာပူးအသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် စပါးအသင်းဟာ ၂၀၀၈ခုနှစ် နောက်ပိုင်း ဖလားလက်မဲ့ရာသီတွေကို ဆက်လ် ကြုံတွေ့နေရဆဲဖြစ်ပြီး ပိုချက်တီနိုက ယမန်နှစ်ရာဦက ဖလားရဖို့ လက်တစ်ကမ်းအလိုကနေ ဝေးကွာခဲ့ရတာက သင်ခန်းစာတွေ ပေးခဲ့တယ်လို့ ၀န်ခံခဲ့ပါတယ်။

"ကျွန်တော့်မနှစ်က ဆုဖလားတွေနဲ့ အနီးစပ်ဆုံး အနေအထား ရောက်ခဲ့ပေမယ့် လွဲချော်ခဲ့ပါတယ်။ ကျွန်တော့်အတွက်ကတော့ ဆုဖလားတွေ ရရှိတာကသာ အောင်မြင်မှုလို့ ထင်ပါတယ်"လို့ ပိုချက်တီနိုက ဆိုပါတယ်။

တော့တင်ဟမ်အသင်းဟာ နွေရာသီ အပြောင်းအရွှေ့မှာတော့ အန်ဒွန်ဘီလီကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခဲ့သလို လိုဆယ်ဆို၊ ဆက်ဆီနွန်တို့ကိုလည်း ခေါ်ယူထားခဲပါတယ်။ စပါးအသင်းရဲ့အပြောင်းအရွှေ့ကို ပိုချက်တီနိုကို ပျော်ရွှင်စေပေယ့် အဓိက ကွင်းလယ်လူ အဲရစ်ဆင်ကိုတော့ အချိန်မရွေး ဆုံးရှုံးရမယ့် အခြေအနေဖြစ်နေပါတယ်။ ပိုချက်နိုက ပြန်လည်ရောင်းချရဖို့အတွက် ဖိအားတွေ ရှိမနေကြောင်း ငြင်းဆန်ခဲ့ပါတယ်။

"သူတို့ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ကစားသမားတွေကို ခေါ်ယူဖို့ ကြိုးစားလာရင် ပြဿနာတွေကြုံတွေရနိုင်ပါတယ်"လို့ ပြောသွားခဲ့ပါတယ်။

အဲရစ်ဆင်၊ အယ်လ်ဒါဝီရယ်နဲ့ ဗာတွန်ဂန်တို့ဟာ အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်ရှိတော့တာကြောင့် နွေရာသီမှာ ထွက်ခွာနိုင်ခြေ များပြားနေပါတယ်။

#စပါး #ပိုချက်တီနို