ရှေ့သို့
Image

မက်ဂွါရီနဲ့ ကူလီဘာလီကို နှိုင်းယှဉ်မှုတွေ ပြုလုပ်ခဲ့တဲ့ နာပိုလီဥက္ကဌ

2:29 PM, 9 August

နာပိုလီ ဥက္ကဌ ဒီလော်ရန်းတစ်က သူသာဆိုရင် ခံစစ်မှူးတစ်ယောက်ကို ပေါင် သန်း ၃၀ သာ ပေးချေသွားမှာ ဖြစ်ပြီး ကစားသမားတွေရဲ့ ပြောင်းရွှေ့ကြေးတွေ မြင့်မားလာခြင်းအတွက် အင်္ဂလိပ်အသင်းတွေမှာ တာဝန်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

ဒီလော်ရန်းတစ်က ယူနိုက်တက်က ခေါ်ယူခဲ့တဲ့ မက်ဂွါရီရဲ့ ပြောင်းရွှေ့ကြေးကို မထိမဲ့မြင် ပြုသွားခဲ့ပြီး အသင်းမှာ ရှိနေတဲ့ နောက်ခံလူ ကူလီဘာလီက မက်ဂွါရီထက် ၃ ဆလောက်သာကြောင်း ပြောသွားခဲ့ပါတယ်။

မက်ဂွါရီဟာ မန်ယူအသင်းကို ပေါင် သန်း ၈၀ နဲ့ ပြောင်းသွားခဲ့ပြီး ကမ္ဘာ့ဈေးအကြီးဆုံး နောက်ခံလူ ဖြစ်လာခဲ့ပါတယ်။ ဒီလော်ရန်းတစ်ကတော့ မက်ဂွရီထက် ၃ ဆလောက်သာတဲ့ ကူလီဘာလီရဲ့ ပြောင်းရွှေ့ကြေးက ပေါင် သန်း၂၅၀ လောက် ရှိမယ်လို့ ယူနိုက်တက်ကို ခနဲ့သွားခဲ့ပါတယ်။

ဒီလော်ရန်းတစ်က “ကူလီဘာလီရဲ့ စာချုပ်ဖျက်သိမ်းကြေးက ပေါင် သန်း ၁၅၀ ပါ။ ဒါပေမယ့် အင်္ဂလန်မှာ နောက်ခံလူ တစ်ဦးကို ပေါင် ၈၅ သန်းလောက် ပေးနေပေမယ့် ကျွန်တော်ကတော့ သန်း ၃၀ လောက်ပဲ ပေးမှာပါ။ အဲ့လိုသာ တွက်ရကြေးဆိုရင် ကူလီဘာလီရဲ့ တန်ကြေးက ပေါင် သန်း၂၅၀လောက် ဖြစ်နေပါပြီ”လို့ ပြောသွားခဲ့ပါတယ်။

ကူလီဘာလီဟာ ယူနိုက်တက်ရဲ့ ရေရှည်ပစ်မှတ်တစ်ခု ဖြစ်ပေမယ့် ယခုနှစ် နွေရာသီမှာ မက်ဂွါရီကိုပဲ ခေါ်ယူသွားခဲ့ပါတယ်။ ဆက်လက်ပြီး ဒီလော်ရန်းတစ်က အင်္ဂလန်အသင်းတွေရဲ့ ၀င်ငွေတွေကြောင့် ကစားသမားတွေရဲ့ ပြောင်းရွှေ့ကြေးတွေဟာ အဆမတန် မြင့်တက်လာတယ်လို့ ဝေဖန်ခဲ့ပါတယ်။

“ပြောင်းရွှေ့ကြေးတွေ အဆမတန် မြင့်တက်လာတာက အင်္ဂလန် အသင်းတွေကြောင့်ပါ။ အင်္ဂလန် အသင်းတွေက ပြင်သစ်၊ စပိန်၊ အီတလီနဲ့ ဂျာမနီအသင်းတွေထက် ၀င်ငွေ ပိုရပါတယ်။ သူတို့မှာ ပေါင် သန်း ၈၀၀ လောက် ရှိနေတော့ ကစားသမား တစ်ဦးကို ပေါင် သန်း ၈၀၊ ၉၀ ပေးဖို့က ပြဿနာ မဟုတ်ပါဘူး။ အင်္ဂလန်ကို အခြားနိုင်ငံတွေက ယှဉ်လို့မရပါဘူး”လို့ ဆိုပါတယ်။

သမိုင်းတစ်လျောက် ဈေးအကြီးဆုံး အပြောင်းအရွှေ့ ၁၀ ခုမှာ ၃ ခုက ယခုနှစ် နွေရာသီမှာ ဖြစ်ပေါ်လာပြီး ၁ ခုက အင်္ဂလန်ကလပ်တွေက ရောင်းချခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးကနေ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့တဲ့ ဟာဇက်၊ ဘင်ဖီကာကနေ အက်သလက်တီကို ပြောင်းခဲ့တဲ့ ဂျာအိုဖီးလစ်နဲ အက်သလက်တီကိုကနေ ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့တဲ့ ဂရစ်ဇ်မန်းတို့ပဲ ဖြစ်ပါတယ်။ 

မက်ဂွါရီရဲ့ အပြောင်းအရွှေ့ကတော့ အဆင့် ၁၃ မှာ ရပ်တည်နိုင်ခဲ့ပါတယ်။ အဆင့် ၁၂ ကတော့ နာပိုလီနဲ့ ဂျူဗင်တပ်စ်တို့ရဲ့ ဟီဂူအင် အပြောင်းအရွှေ့ဖြစ်ပြီး ယူရို သန်း ၉၀ ရှိခဲ့ပါတယ်။

#မနျခကျြစတာယူနိုကျတကျ #ကူလီဘာလေ