ရှေ့သို့
Image

နောဝှစ်ခ်ျနဲ့ ပွဲမှာ မာနေးပါဝင်ဖို့ ရှိတယ်လို့ ကလော့ပ်အတည်ပြု

10:44 AM, 9 August

ဆောက်သမ်တန်အသင်း တိုက်စစ်မှူးဟောင်းမာနေးဟာ တနင်္လာနေ့က လေ့ကျင့်ခန်း ပြန်လည်ဆင်းနေတာ ဖြစ်ပြီး ယနေ့ည နောဝှစ်ခ်ျနဲ့ကစားမယ့်ပွဲမှာ ထည့်သွင်းဖို့အတွက် စဉ်းစားနေကြောင်း ကလော့ပ်က ပြောဆို လိုက်ပါတယ်။
''သူဟာ ရက်သတ္တပတ် ၂ ပတ်လောက် နားနေခဲ့ရတာဖြစ်ပြီး ဘာကိုမှ မဆုံးရှုံးခဲ့ရပါဘူး။ နောက်ဆုံးမှာတော့ သတင်းကောင်းပါပဲ''လို့ ကလော့ပ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
''သူက ကြံ့ခိုင်တဲ့ပုံပေါ်ပါတယ်။ မနေ့ကတော့ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းတာ ပထမဆုံးဖြစ်ပြီး သူ့ရဲ့ပုံစံက ကောင်းမွန်နေပါတယ် ''
''ကျွန်တော်တို့မှာ ရွေးချယ်စရာ ကစားသမားတွေ အများကြီးရှိပါတယ်။ သူတို့ကို ထားခဲ့တဲ့အတွက်ကြောင့် ဘယ်ကစားသမားကမှ ကျွန်တော်တို့ကို အကြောင်းပြချက် မပေးကြပါဘူး။ ဒါကြောင့် ကျွန်တော်တို့က ဆုံးဖြတ်ရခက်နေပါတယ်''
''သမိုင်းကြောင်းမှာ အကောင်းဆုံးကစားနေဖို့ ဆိုတာက မဟုတ်ပါဘူး။ အချိန်ကာလတစ်ခုအတွက် အကောင်း ဆုံး ကစားနေဖို့ပါပဲ ''
''ကျွန်တော်တို့က အသင်းမှာပဲ နေရမှာဖြစ်ပြီး အဲ့ဒီထက်သန်တဲ့ စိတ်ဓာတ်ကြောင့်ပဲ ဘယ်သူကမှ ဆန့်ကျင်ပြီး မကစားကြပါဘူး''လို့ ကလော့ပ်က ဆက်ပြောပါတယ်။
တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲကို အသေးစား ကြွက်သားဒဏ်ရာကြောင့် လွဲချော်ခဲ့တဲ့ မီလ်နာ ကလည်း  ပြန်လည်ကောင်းမွန်နေပြီ ဖြစ်ကြောင်း ကလော့ပ်က ပြောဆိုထားပါတယ်။

#လီဗာပူး #နောဝစ်ခ်ျ