ရှေ့သို့
Image

မန်စီးတီးနဲ့ အဖွင့်ပွဲအတွက် ၀ီလ်ရှိုင်းယားနဲ့ ဖေဘီယန်စကီး ကြံ့ခိုင်မှု အပြည့်ရှိ

10:18 AM, 9 August

စနေနေ့မှာ မန်စီးတီးနဲ့ ကစားမယ့် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အတွက် ကွင်းလယ်လူဝီလ်ရှိုင်းယားနဲ့ ဂိုးသမား ဖေဘီယန်စကီးတို့ ကြံ့ခိုင်မှု ပြည့်ဝနေကြောင်း နည်းပြ ပယ်လီဂရီနီက ပြောဆိုလိုက်ပါတယ်။ ဒီရာသီကြို ပွဲစဉ်ရဲ့ အစောပိုင်းမှာ ရရှိခဲ့တဲ့ ပေါင်ခြံဒဏ်ရာကြောင့် ဖေဘီယန်စကီးဟာ MRI ရိုက်ထားရတာဖြစ်ပြီး ခြေကျင်းဝတ် ခွဲစိတ်ပြီးနောက် ပြီးခဲ့တဲ့ရာသီက ၀ီလ်ရှိုင်းယားဟာ လိဂ်ပွဲ ၄ ပွဲသာ ကစားခဲ့ရတာ ဖြစ်ပါတယ်။
ရာသီကြိုပွဲစဉ်တွင် ဒဏ်ရာရရှိပြီးနောက်မှာတော့ အသင်းခေါင်းဆောင် နိုဘယ်ကတော့ အဲဒီပွဲကိုလွဲချော်နိုင် တယ်လို့ နည်းပြက အတည်ပြု ပြောကြားသွားခဲ့ပါတယ်။ ''နိုဘယ်က ဒဏ်ရာရရှိနေတုန်းဖြစ်ပြီး အဲဒီပွဲအမှီတော့ ပြန်လည် ကောင်းမွန်လာမှာ မဟုတ်ပါဘူး။ အခြားကစားသမားတွေ အားလုံးကတော့ ဘာပြသနာမှ မရှိပါဘူး။ သူတို့အားလုံး ကြံ့ခိုင်မှု ပြည့်ဝကြပါတယ်။ ၀ီလ်ရှိုင်းယားကလည်း ဒဏ်ရာကနေ ပြန်လည် ကောင်းမွန်လာပါပြီ။ သူ့အတွက် ပုံမှန်ရာသီတစ်ခုဖြစ်ဖို့ မျှော်လင့်ပါတယ်။ နောက်ပြီး ပြီးခဲ့ရာသီက ပွဲစဉ်တော်တော်များများကို လွဲ ချော်ခဲ့တဲ့ ယာမိုလန်ကိုလည်း ပြန်လည် ကောင်းမွန်နေပါပြီ'' လို့ ပယ်လီဂရီနီက အသင်းဟောင်းနဲ့ ကစားရမယ့် အဖွင့်ပွဲမတိုင်ခင် အသင်းရဲ့ အခြေအနေကို ပြောပါတယ်။
အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ဘေဆယ်အသင်းကနေ အေဂျက်တီကို ခေါ်ယူလိုက်ပြီးနောက် အပြောင်းအရွှေ့နဲ ပတ်သတ်ပြီး သူ့ရဲ့အမြင်ကိုလည်း ပြောပြသွားခဲ့ပါတယ်။
''ကျွန်တော်တို့ လုပ်စရာရှိတာတွေကို အားလုံး လုပ်နိုင်ခဲ့ပါတယ်။ အသင်းရဲ့အပြောင်းအရွှေ့က ပြီးသွားပြီလို့ ထင်ပါတယ်’'
''ပြီးခဲ့တဲ့ရာသီကလူစာရင်းရဲ့ တိုက်စစ်မှူး ၃ ယောက်ကို ကျွန်တော်တို့ ဆုံးရှုံးခဲ့ရပြီး အေဂျက်တီကတော့ သူတို့ရဲ့နေရာကို ကောင်းကောင်း အစားထိုးနိုင်မှာပါ ''
'' ကျွန်တော်တို့ အလိုရှိတဲ့အတိုင်း လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ပျော်ရွှင်မိပါတယ်။ နေရာတိုင်းအတွက် ကစား သမား နှစ်ယောက်စီရှိပြီး အကောင်းဆုံး နည်းလမ်းကတော့ ပြိုင်ဆိုင်မှု ရှိနေဖို့ပါပဲ''လို့ ပယ်လီဂရီနီက ပြောပါ တယ်။

#မနျစီးတီး #ဝက်စ်ဟမ်း #ပယ်လီဂရီနီ