ရှေ့သို့
Image

အနားယူဖို့ မရှိသေးပဲ ဘရာဇီးနဲ့ အတူ ၂၀၂၂ ကမ္ဘာ့ဖလားကို ဆက်လက်ပါဝင်ဝင်နွဲဖို့ ပစ်မှတ် ထားနေတဲ့ ဒန်နီအဲလ်ဗက်စ်

5:55 PM, 7 August

အင်္ဂါနေ့က အသင်းသစ်နဲ့ ပွဲထွက်ခဲ့တဲ့ ဒန်နီ အဲလ်ဗက်စ်ဟာ ဘရာဇီး ထိပ်သီး ကလပ်အသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ရခြင်းက အနာဂတ်မှာ သူရည်ရွယ် ထားတာတွေကြောင့် ဖြစ်ကြောင်း ရှင်းလင်း ပြောကြား သွားခဲ့ပါတယ်။

ဒန်နီအဲလ်ဗတ်စ်က ၂၀၂၂ ကမ္ဘာ့ဖလားမှာ ဘရာဇီးအသင်းနဲ့ ပါဝင်ခွင့် ရချင်သေးတာကြောင့် ဆော်ပေါ်လို အသင်းကို ရွေးချယ်ခဲ့တာ လို့ဆိုပါတယ်။

ဥရောပ အသင်းကြီး တော်တော် များများရဲ့ချိတ်ဆက်မှုကို ခံခဲ့ရတဲ့ နောက်ခံလူဟာ ဆော်ပေါ်လို အသင်းနဲ့ သမိုင်းသစ် ရေးထိုးချင်ကြောင်း ပြောခဲ့ပါတယ်။

ဒန်နီအဲလ်ဗက်စ်က
“ ကျွန်တော် ဆော်ပေါ်လိုကို အလုပ်လုပ်ဖို့ လာခဲ့တာပါ။ ကစားသမား ဘ၀က အနားယူဖို့ လာတာ မဟုတ်ပါဘူး။ ကျွန်တော့်မှာ ရည်ရွယ်ထားတဲ့ ပန်းတိုင်တွေ အများကြီး ရှိပါ သေးတယ်။ အဲ့ဒီပန်းတိုင် တွေထဲက တစ်ခုက ဆော်ပေါ်လိုနဲ့အတူ သမိုင်းသစ် ရေးထိုး နိုင်ဖို့ပါပဲ “
လို့ ဆော်ပေါ်လို အသင်းနဲ့အတူ ပထမဆုံး သတင်းစာ ရှင်းလင်းပွဲမှာ ရှင်းပြ သွားခဲ့ပါတယ်။

ဆော်ပေါ်လိုအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ သူ့ရဲ့ဆုံးဖြတ်ချက်ကို ဘရာဇီးနည်းပြ တီတီကို မပြောပြ ခဲ့တာကလဲ ကာတာမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ချင်တာကြောင့် ဖြစ်ကြောင်း ရှင်းပြ သွားခဲ့ပါတယ်။

“ ကျွန်တော့် အစီအစဉ်တွေကို အခိုင်အမာ ချထားဖို့လိုတယ်။ ကျွန်တော့်မှာ ရည်ရွယ်ထားတဲ့ ပန်းတိုင်တွေ ရှိသေးတာကြောင့် အားကစား စိတ်ဓာတ် ပြည့်ဝနေဖို့လဲ လိုတယ်။ ကျွန်တော့်ရဲ့သမိုင်းကို တစ်မျိုးတစ်ဖုံ ရေးချင်ရင် အခက်အခဲ လေးတွေ ဖြစ်ပေါ် လာဖို့လဲ လိုပါတယ်။

ဘရာဇီးကို ပြန်ရောက်တော့ ကျွန်တော့်နာမည် ၊ လူတွေ ကျွန်တော့်ကို မြင်တဲ့ အမြင်တွေက အစ ပြောင်းလဲသွားပါတယ်။

ဒါပေမယ့် ကျွန်တော့်ရဲ့ အိပ်မက်တွေက ဘ၀ တစ်လျှောက်မှာ ရှိခဲ့တဲ့ အခက်အခဲ တိုင်းထက် ပိုကြီးပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားကို ကစား ချင်တာကြောင့် ကျွန်တော့်မှာ ဖိအားတွေ  ပြန်ရှိ လာပါပြီ။

ကလပ်  အသင်း တစ်သင်းသင်းမှာ ဆက်ကစား နေမှသာ ဒီလိုမျိုး ဖြစ်လာနိုင်ခြေ ရှိတာပါ။ ကျွန်တော့် အတွက်တော့ ဘောလုံးနဲ့ ပက်သက်တဲ့ ကျွန်တော့်ရဲ့  ကျွမ်းကျင်မှုနဲ့ ကျွန်တော့်ရဲ့ သမိုင်းကို ယုံကြည်တယ်။

သမိုင်းတစ်ခုကို တည်ဆောက် တော့မယ် ဆိုရင်တော့ စွန့်လွှတ်မှုတွေ လုံ့လ စိုက်ထုတ် ရမှု တွေတော့ ရှိစမြဲပါ။ ဒါပေမယ့် လက်မြှောက် အရှုံးပေးရတာ တွေရော ကောင်းမွန်တဲ့ ရလဒ် ထွက်လာတာ တွေရော ဒုနဲ့ဒေးပါ “

လို့ ရင်ဖွင့်သွားခဲ့ပါတယ်။

အဲလ်ဗက်စ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားမှာ အသက် ၃၉ နှစ် ရှိနေပါပြီ။ ဒါပေမယ့် အခုတော့ ကလပ်အသင်း  အတွက် တန်းစီဇယားမှာ အဆင့်တက် ဖို့ကိုပဲ အာရုံစိုက် ထားတယ်လို့ ဆိုပါတယ်။

#Brazil #ဒန်နီ အဲဗက်စ်