ရှေ့သို့
Image

ယနေ့အတွက် အပြောင်းရွှေ့ သတင်းတိုများ

5:13 PM, 7 August

>>> ခရစ္စတယ်ပဲလေ့စ်အသင်းဟာ တောင်ပံကစားသမား ဇာဟာအတွက် အဲဗာတန်အသင်းရဲ့ ပေါင် သန်း၇၀အပြင် ကစားသမား ၂ဦးအလိုက်ပေးကာ ကမ်းလှမ်းမှုကို ပယ်ချလိုက်တယ်လို့ သိရပါတယ်။ အဓိက ကတော့ ပဲလေ့စ်က ဇာဟာအတွက် ပေါင် သန်း၈၀ကို အပြည့်အ၀ အလိုရှိနေတာပါ။ နောက်ဆုံးရရှိတဲ့ သတင်းတွေအရ အဲဗာတန်အသင်းဟာ ဇာဟာကို ဇွဲမလျော့ဘဲ ထပ်မံ ကမ်းလှမ်း သွားဦးမယ်လို့ သိရပါတယ်။

>>> ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ဘက်တစ် ကွင်းလယ်လူ ဗစ်တာ ကာမာရာဆာကို တစ်ရာသီ အငှားနဲ့ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပြီး ရာသီကုန်မှာ ပေါင် ၁၅သန်း ပေးချေကာ အပြီးသတ် ခေါ်ယူသွားမယ်လို့ သိရပါတယ်။ ကာမာရာဆာဟာ ယမန်နှစ်က ကာဒစ်ဖ်အသင်းမှာ အငှား လာရောက်ကစားခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့သူမို့ ပဲလေ့စ်က လက်ဦးမှုယူကာ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

>>> နယူးကာဆယ်အသင်းဟာ ပြင်သစ်ကလပ် အာမိန်းအသင်းက ညာနောက်ခံလူ အီမေ ခရက်ဖ်ကို ခေါ်ယူဖို သဘောတူညီမှု ရခဲ့ပြီဖြစ်ပြီး ဆေးစစ်မှုတွေပြုလုပ်နေပြီ ဖြစ်ပါတယ်။ ဆွစ်ဇာလန်သားဟာ နယူးကာဆယ်အသင်းကို ပေါင် ၅သန်းဝန်းကျင်နဲ့ ပြောင်းရွှေ့သွားတော့မှာပါ။

>>> အာဆင်နယ်တိုက်စစ်မှူး ဒန်နီ ၀ဲလ်ဘတ်ဟာ ၀က်ဖို့ဒ်အသင်းကို အလွတ် ပြောင်းရွှေ့ဖို့ နီးစပ်နေခဲ့ပြီ ဖြစ်ပါတယ်။ ၀ဲလ်ဘတ်ဟာ မကြာသေးခင်ကမှ ဂန်းနားတွေနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးကာ ထွက်ခွာလာခဲ့တာ ဖြစ်ပါတယ်။

>>> ခရစ္စတယ်ပဲလေ့စ်အသင်းဟာ အဲဗာတန် ကွင်းလယ်လူ မက္ကာသီကို ပေါင် ၈.၅သန်း ၀န်းကျင်ဖြင့် ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ သို့ သော်လည်း ပဲလေ့စ်အသင်းရဲ့ ကနဦး ကမ်းလှမ်းချက်ကိုတော့ အဲဗာတန်အသင်းက ကျေနပ်ခြင်း မရှိတာကြောင့် ပယ်ချထားတာမို့ စောင့်ကြည့်ရအုံးမှာပါ။

>>> မန်ယူအသင်းဟာ ၀ါရင့် တိုက်စစ်မှူး လော်ရန်တေးကို အံ့အားသင့်ဖွယ် ကြိုးပမ်းလာတယ်လို့ သတင်းတွေက ဆိုပါတယ်။ လော်ရန်တေးဟာ စပါးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးကာ အလွတ်ဖြင့် ထွက်ခွာခဲ့တာမို့ အသင်းလက်မဲ့ ဖြစ်နေသူပါ။ လော်ရန်တေးဟာ ယမန်နှစ်ကတော့  စပါးအသင်းကို ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရောက်ရှိအောင် ကူညီပေးခဲ့တဲ့ ၀ါရင့်တိုက်စစ်မှူးဖြစ်တာမို့ ယူနိုက်တက်က ခေါ်ယူချင်နေတာပါ။

#၀ဲလ်ဘတ်ခ် #ဇာဟာ #လော်ရန်တေး