ရှေ့သို့
Image

ဝိန်းရွန်းနီရဲ့နေရာမှာ အိုဇေးလ်နဲ့အစားထိုးဖို့ အံ့အားသင့်ဖွယ်ကြိုးပမ်းလာတဲ့ ဒီစီယူနိုက်တက်

3:55 PM, 7 August

ဒီနှစ် နွေရာသီ အပြောင်းအရွှေ့ ပိတ်ခါနီးမှ ဖြစ်ပေါ်ခဲ့တဲ့ အံ့ဖွယ် အပြောင်းအရွှေ့တွေ ထဲမှာ ၀ိန်းရွန်းနီရဲ့ ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းနဲ့ ဇန်န၀ါရီမှာ ပူးပေါင်းမယ့် သတင်းကလဲ တစ်ခု အပါအ၀င်ပါ။

ရွန်းနီဟာဒါဘီအသင်းကို ကစားသမားနည်းပြအဖြစ်ပြောင်းရွှေ့ခဲ့တာလဲဖြစ်ပါတယ်။

အခုတော့ ယူအက်စ်ဂျာနယ်လစ် စတီဗန်ဂေါ့ဖ်ရဲ့အဆိုအရ အမေရိကန်ကထွက်ခွာတော့မယ့် အင်္ဂလန်စတားရဲ့နေရာမှာ အိုဇေးလ်ကိုအစားထိုးဖို့ရည်ရွယ်နေတယ်လို့ဆိုပါတယ်။

ဂေါ့ဖ်ရဲ့သတင်းမှာတော့ “အိုဇေးလ်ရဲ့ကိုယ်စားလှယ်တွေနဲ့ ဒီစီယူနိုက်တက် တာဝန်ရှိသူတွေဟာ လာမယ့် တစ်ပတ်အတွင်း ၀ါရှင်တန်မှာ တရားဝင် တွေ့ဆုံ ကြပါ လိမ့်မယ်” လို့ဖော်ပြထားပါတယ်။

ဘယ်လို သဘောတူညီမှုပဲဖြစ်ဖြစ် ဂျာမနီ လက်ရွေးစင် ဟောင်းကတော့ မေဂျာလိဂ်ကို မပြောင်းခင် ဇန်န၀ါရီလ အထိတော့ အာဆင်နယ်မှာ ဆက်နေသွားမှာပါ။

အသက် ၃၀ အရွယ်အိုဇေးလ်ဟာ ရွန်းနီ ထွက်ခွာ သွားရင် အင်္ဂလန်သားရဲ့ နေရာမှာ အစားထိုးဖို့  ပရိတ်သတ်တွေ အလိုရှိတဲ့ ကစားသမားလဲ ဖြစ်ပါတယ်။

တစ်ပတ်ကိုပေါင် ၃၅၀၀၀၀ ၀န်းကျင်ရှိတဲ့ အိုဇေးလ်ရဲ့လစာကို ပေးချေနိုင်တဲ့ နေရာ အနည်းငယ်ထဲမှာ အမေရိကန် မေဂျာလိဂ်ကလဲ တစ်ခု အပါအ၀င် ဖြစ်ပါတယ်။

အသက် ၃၃ နှစ်အရွယ် ရွန်းနီဟာ အင်္ဂလန်ကို ပြန်လည် ပြောင်းရွှေ့ရတဲ့ အကြောင်းအရင်း ထဲမှာ ဇနီးဖြစ်သူ ကောလင်းရဲ့ သား ၄ ယောက်ကို ဇာတိ ချက်ရှိုင်းယားမှာပဲ ကြီးပြင်း စေချင်တဲ့ ဆန္ဒလဲ ပါဝင်ပါတယ်။

ဒါပေမယ့် ကျန်နေသေးတဲ့ ရာသီတစ်လျှောက်လုံးတော့ ရွန်းနီဟာ  မေဂျာလိဂ်မှာရှိနေဦးမှာဖြစ်ပါတယ်။

#ဒါဘီ