ရှေ့သို့
Image

ကော်တင်ဟို၊ ပေါ့ဂ်ဘာ၊ အဲရစ်ဆင်တို့ရဲ့ သုံးပွင့်ဆိုင် အပြောင်းအရွှေ့ဇာတ်လမ်း

10:44 AM, 7 August

သတင်းတွေအရတော့ မန်ယူအသင်းဟာ စပါးကွင်းလယ်ကစားသမား အဲရစ်ဆင်ကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြနေကြပါတယ်။

ဒါပေမယ့် အသက် ၂၇နှစ် အရွယ် ပြင်သစ်သားကတော့ ရီးရဲလ်မက်ဒရစ်အသင်းကိုသာ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပါတယ်။

စပါးအသင်းကတော့ အခုအပတ်ထဲမှာပဲ ဘာစီလိုနာကစားသမား ကော်တင်ဟိုကို အငှားနဲ့ခေါ်ယူဖို့ ကမ်းလှမ်းသွားဖွယ်ရှိနေပြီး ယူနိုက်တက်အသင်းကတော့ အဆိုပါအခြေအနေကို စောင့်ကြည့်ပြီး အဲရစ်ဆင်ကိုခေါ်ယူဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

လန်ဒန်ကလပ်အသင်းဟာ ဘာစီလိုနာကွင်းလယ်ကစားသမား ကော်တင်ဟိုကို အငှားနဲ့ခေါ်ယူဖို့ ချိတ်ဆက်နေပြီး ကွင်းလယ်ကစားသမား အဲရစ်ဆင်ရဲ့နေရာကို အသင့်အစားထိုးဖို့ စီစဉ်နေပါတယ်။

ဒါပေမယ့် ဒိန်းမတ်သားကတော့ အပြောင်းအရွှေ့မပိတ်ခင် ပြိုင်ဘက် အင်္ဂလိပ်အသင်းထံပြောင်းရွှေ့လိုခြင်း မရှိတာဖြစ်ပါတယ်။

သို့သော်လည်း ဒီအပတ်ထဲမှာသာ စပါးအသင်းအနေနဲ့ ကော်တင်ဟိုခေါ်ယူနိုင်မယ်၊ ယူနိုက်တက်အသင်းကလည်း ပေါင် ၅၀ သန်း ထက်ပိုများတဲ့ ပမာဏနဲ့ ကမ်းလှမ်းလာမယ်ဆိုရင် အဲရစ်ဆင်ကို ရောင်းချဖွယ်ရှိနေပါတယ်။

စပါးအသင်းဥက္ကဌ လီဗိုင်းဟာ ကွင်းလယ်ကစားသမား အဲရစ်ဆင်ကို ပေါင် ၁၃၀ သန်း အထိ တန်ကြေး မြှင့်ခဲ့ပေမယ့် ကစားသမားရဲ့ စာချုပ်ဟာ လာမယ့်နှစ်မှာ ကုန်ဆုံးမှာမို့  နောက်ပိုင်းမှာတော့ တန်ကြေးကို ပြန်လည် လျော့ချခဲ့ပါတယ်။

စပါးအသင်းဟာ ဘာစီလိုနာ ကွင်းလယ်ကစားသမား ကော်တင်ဟို အပြောင်းအရွှေ့အတွက် ကြာသပတေးနေ့ အပြောင်းအရွှေ့ မပိတ်ခင် အပြီးသတ်လိုနေတာ ဖြစ်ပါတယ်။

ကွင်းလယ်ကစားသမား အဲရစ်ဆင်ကတော့ အင်္ဂလန်အသင်းတွေထက် ရီးရဲလ်မက်ဒရစ်အသင်းကိုသာ ပိုမိုပြောင်းရွှေ့လိုနေပါတယ်။

စပိန်ကလပ်ဟာ မူလက အဆိုပါကွင်းလယ်ကစားသမားကိုခေါ်ယူဖို့စီစဉ်ခဲ့ပေမယ့် ပေါင် ၁၃၀ သန်း အထိ တန်ကြေး တောင်းဆိုခဲ့တာကြောင့် လက်လျော့ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် စပါးအသင်းကတော့ အခုအချိန်မှာ တန်ကြေးကို လျော့ချခဲ့ပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဆုံးရှုံးရမှာထက် အနည်းဆုံးပေါင် ၅၀ သန်းလောက်ရရှိပါက ရောင်းချသွားဖွယ် ရှိနေပါတယ်။

ယူနိုက်တက်အသင်းဟာ စပါးအသင်းရဲ့ကွင်းလယ်ကစားသမားကို ခေါ်ယူလိုနေပေမယ့်လည်း လက်ရှိကွင်းလယ်ကစားသမား ပေါ့ဂ်ဘာကိုလည်း အသင်းမှာ ဆက်ထိန်းလိုနေတာ ဖြစ်ပါတယ်။

နည်းပြ ဆိုးလ်ရှားဟာ လာမယ့်ရာသီသစ်အသင်းရဲ့လူစာရင်းမှာ ပေါ့ဂ်ဘာနဲ့ အဲရစ်ဆင်တို့ အတွဲကို တွဲဖက်ကစားဖို့ အလိုရှိနေပါတယ်။

ဒါပေမယ့် ရီးရဲလ်မက်ဒရစ်အသင်းကတော့ အဲရစ်ဆင်သာ ယူနိုက်တက်ကိုပြောင်းရွှေ့ဖြစ်ပါက ပြင်သစ်သားကို ပြန်လည်ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

နောက်ဆုံးသတင်းတွေအရ ရီးရဲလ်မက်ဒရစ်အသင်းဟာ စပါးအသင်းနဲ့ မန်ယူအသင်းတို့ရဲ့ အခြေအနေကို စောင့်ကြည့်နေပြီး အဲရစ်ဆင်ကိုသာ ယူနိုက်တက်တို့ခေါ်ယူနိုင်ခဲ့ပါက ပေါ့ဂ်ဘာကို အရခေါ်ယူသွားဖို့ စီစဉ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

#မနျခကျြစတာယူနိုကျတကျ #အဲရစ်ဆင်