ရှေ့သို့
Image

လိဒ်နှင့် ဘရစ္စတိုး စီးတီးတို့မှ အလိုရှိနေတဲ့ အာဆင်နယ်လူငယ် ကစားသမားလေး အမ်ခီတီယာ

9:14 AM, 7 August

လူငယ်တိုက်စစ်မှူး အမ်ခီတီယာရဲ့ အငှားချမှုနှင့် ပတ်သတ်ပြီး အာဆင်နယ်အသင်းဟာ လိဒ်စ်နှင့် ဘရစ္စတိုးစီးတီးတို့ အပါအ၀င် အသင်းတော်တော်များများနှင့် ပြောဆိုနေပါတယ် လို့ စကိုင်းက ဖော်ပြထားပါတယ်။

အသက် ၂၀ အရွယ် အကယ်ဒမီထွက် ကစားသမားဟာ ရာသီကြိုတွင် ခြေစွမ်းပြ ကစားခဲ့တာဖြစ်ပြီး ဖီအိုရင်တီးနားနှင့် ကစားခဲ့တဲ့ပွဲနှင့် ဘိုင်ယန်မြူးနစ်အား ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ပွဲများတွင် စုစုပေါင်း ၂ ဂိုး သွင်းယူခဲ့ပါတယ်။

၂၀၁၇ ခုနှစ် ယူရိုပါလိဂ်တုန်းကလည်း ဘိုရီဆော့ဗ် အသင်းနှင့် ကစားခဲ့တဲ့ အာဆင်နယ်အသင်းအတွက် ပထမဆုံး စီနီယာ ပွဲထွက်ခွင့် ရရှိခဲ့ပြီး ပရီးမီးယားလိဂ် ၅ ပွဲတွင်လည်း လူငယ်တိုက်စစ်မှုးက ၁ ဂိုး သွင်းယူ ခဲ့ပါတယ်။

အမ်ခီတီယာဟာ ပြီးခဲ့တဲ့နှစ် မေလတွင် အင်္ဂလန်ယူ ၂၁ လက်ရွေးစင် အသင်းအတွက် ရွေးချယ်ခြင်း ခံခဲ့ရပြီး ကတည်းက အသင်းအတွက် ၄ ပွဲ ကစားထားကာ ၂ ဂိုး သွင်းယူ ပေးထားပါတယ်။

အပြောင်းအရွှေ့နောက်ဆုံးရက်ဖြစ်တဲ့ သြဂုတ်လ ၈ ရက်နေ့ မတိုင်ခင် အက်ခ်ျတွန်ဂိတ်သို့ တိုက်စစ်မှုးအား ခေါ်ယူလိုကြောင်းကို ဘရစ္စတိုးနည်းပြ ဂျွန်ဆင်က ပြောဆိုထားပါတယ်။

#လိဒ် #အမ်ခီတီယာ