ရှေ့သို့
Image

အင်္ဂလိဂ်ဘောလုံး လောကသို့ တစ်ကျော့ပြန် ခြေချလာတဲ့ ရွန်းနီ

9:03 AM, 7 August

ရွန်းနီကတော့ အင်္ဂလိဂ် ဘောလုံးလောကသို့ ပြန်လာခဲ့ပြီး ဒီရာသီမှာတော့ ချန်ပီယံရှစ်တွင် ကစားမှာ ဖြစ်ပါတယ်။

Player-Coach အလုပ်ကို လက်ခံခဲ့ပြီးနောက်မှာတော့ အင်္ဂလန်နှင့် မန်ယူအသင်းရဲ့ ဂန္တ၀င်ကစားသမား ရွန်းနီဟာ ဇန်န၀ါရီလတွင် ဒါဘီကောင်တီသို့ ပြောင်းရွှေ့လာတော့မှာ ဖြစ်ပါတယ်။

အဲ့ဒီ အပြောင်းအရွှေ့ကိုတော့ ဒီစီယူနိုက်တက်ဟာ အင်္ဂါနေ့တွင် အတည်ပြုခဲ့တာပါ။

အင်္ဂလန်ရဲ့ဒုတိယတန်းတွင် လုံးဝကစားခဲ့ဖူးခြင်း မရှိတဲ့ ရွန်းနီဟာ ပြီးခဲ့တဲ့ နွေရာသီက ပရီးမီးယားလိဂ်ကနေပြီး MLS ကလပ်ဖြစ်တဲ့ ဒီစီယူနိုက်တက်သို့ ပြောင်းရွှေ့ကစားခဲ့တာ ဖြစ်ပါတယ်။

ယူအက်စ်က သူ့ရဲ့ လက်ရှိစာချုပ်မှာတော့ သက်တမ်း ၂ နှစ် ကျန်ရှိနေသေးတာ ဖြစ်သော်လည်း ကစားသမား ဘ၀ဖြင့် ဆက်လက်ကစားပြီး နည်းပြဘ၀ကို စတင်မည့် အခွင့်အရေးအတွက် အင်္ဂလန်သို့ ပြန်လာဖို့ ဆုံးဖြတ်ခဲ့ တာပါ။

အင်္ဂလန်အသင်းအတွက် ဂိုးအများဆုံး သွင်းယူထားတဲ့ ရွန်းနီဟာ MLS တွင် ၄၂  ပွဲ ကစားထားပြီး ၂၃ ဂိုး သွင်းယူထားကာ ဒါဘီကောင်တီသို့ ၂၀၂၀  ခုနှစ်တွင် မပြောင်းရွှေ့မီ ဒီစီယူနိုက်တက်အတွက် လက်ရှိရာသီ ကုန်ဆုံးတဲ့အထိ ကစားသွားမှာ ဖြစ်ပါတယ်။

#ဒါဘီ #ဒီစီယူနိုက်တက်