ရှေ့သို့
Image

မန်စီးတီးကို ပြောင်းရွှေ့လာခဲ့တဲ့ ကွင်းလယ်ကစားသမား ရိုဒရီကို ချီးကျူးလိုက်တဲ့ ဒီဘရိုင်း

3:18 PM, 6 August

မန်စီးတီးအသင်း ကွင်းလယ်ကစားသမား ဒီဘရိုင်းကတော့ အက်သလက်တီကိုကနေ ပြောင်းရွှေ့လာခဲ့တဲ့ ကစားသမားသစ် ရိုဒရီဟာ စီးတီးအသင်းအတွက် အကောင်းဆုံး ခေါ်ယူမှုလို့ ချီးကျူး ပြောကြားလိုက်ပါတယ်။

အဆိုပါ စပိန်သားဟာ စီးတီးအသင်းကို အက်သလက်တီကို မက်ဒရစ်အသင်းကနေ စံချိန်တင် ပြောင်းရွှေ့ ကြေးနဲ့ ပြောင်းရွှေ့ လာခဲ့တာပါ။

ထို့အပြင် ကွင်းလယ်ကစားသမား ရိုဒရီဟာ စနေန့က ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ်မှာ အသင်းအတွက် ပါဝင် ပွဲထွက် ကစားခဲ့တာ ဖြစ်ပါတယ်။

စီးတီးအသင်းနည်းပြ ဂွာဒီယိုလာဟာ ကွင်းလယ်ကစားသမား ဖာနန်ဒင်ဟို နေရာကို အစားထိုးဖို့အတွက် ကစားသမားသစ် ရှာဖွေနေတာဖြစ်ကာ ဖရက်ဒ် ၊ ဂျော်ဂျင်ဟို ၊ ဒီဂျောင် တို့ကိုလည်း ခေါ်ယူဖို့ ချိတ်ဆက် ခဲ့သေးပါတယ်။

ဒါပေမယ့် ကွင်းလယ်ကစားသမား ဒီဘရိုင်းကတော့ လက်ရှိ မန်စီးတီးအသင်း ခေါ်ယူလိုက်တဲ့ ကစားသမားသစ် ရိုဒရီဟာ အသင်းမှာ အမြန်ဆုံးအံဝင်မယ့် ကစားသမား ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

“သူက ကျွန်တော်တို့အတွက် အကောင်းဆုံး ကစားသမားတစ်ဦး ဖြစ်လာနိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတည်းက လိုအပ်နေတဲ့ ကွင်းလယ်နေရာ တစ်နေရာကို ထိန်းသိမ်းနိုင်ခဲ့တာပါ”လို့ ဒီဘရိုင်းက ဆိုပါတယ်။

“သူ (ရိုဒရီ) ဟာ ငယ်ရွယ်ပြီး အရည်အသွေးပြည့်ဝတဲ့ ကစားသမားတစ်ဦးပါ။ မကြာခင်မှာ ရိုဒရီဟာ အသင်းနဲ့ အမြန်ဆုံး အံဝင်မယ့် ကစားသမား ဖြစ်လာမယ်လို့ ကျွန်တော် ထင်ပါတယ်”လို့ သူက ပြောပါတယ်။

ဝင်ဘာလေမှာ ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ ကွင်းလယ် ကစားသမား ရိုဒရီဟာ မန်စီးတီး အသင်းဖော်တွေထက် ပိုမို များပြားတဲ့ ပေးပို့မှုတွေ ပြုလုပ်နိုင်ခဲ့ပြီး ၆၂ ကြိမ် ပေးပို့မှုကို ၉၁.၉% အောင်မြင်အောင် ပေးပို့နိုင်ခဲ့သလို အော်တာမန်ဒီနဲ့ ဇင်ချန်ကိုတို့ဟာ (၇၄) ကြိမ်နဲ့ အကြိမ်ရေ အများဆုံး ဘောလုံးထိထားခဲ့ပါတယ်။

အရပ် ၆ ပေနဲ့ ၃ လက်မရှိတဲ့ ရိုဒရီဟာ လီဗာပူးနဲ့ ပွဲစဉ်မှာ ခေါင်းတိုက်မှု အားလုံးကို အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး ဘောလုံးပြန်လည် ဆယ်ယူမှု ၉ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

“ကျွန်တော်ကတော့ သူက အသင်းရဲ့ ကစားကွက်အတွက် အကောင်းဆုံး ဖြည့်စွက်မှု ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ကွင်းလယ် ခံစစ်နေရာက အရမ်းခက်ခဲပါတယ်။ အဲ့ဒီနေရာမှာ ကစားနိုင်တဲ့ ကစားသမား အလွန်ရှားပါးပြီး သေချာတဲ့သူကိုပဲ လိုအပ်ပါတယ်။ ကျွန်တော်တို့ တိုက်စစ်ကို ဘောလုံးပေးပို့ရာမှာ ကျွမ်းကျင်ပြီးတော့ ခံစစ်ကနေ တိုက်စစ်ကို ပြန်လည် စတင်ဖို့လည်း လိုပါတယ်”လို ပြောခဲ့ပါတယ်။

ဆက်လက်ပြီး ဒီဘရိုင်းက “ဖာနန်ဒင်ဟို ရှိနေရင်လည်း ဘာမှ မကွာခြားပါဘူး။ ယမန်နှစ်နဲ့ မတူတာကတော့ ကျွန်တော်ရဲ့ ကြံ့ခိုင်မှုတွေ ပိုကောင်းလာတယ်လို့ ခံစားရလို့ပါ။ ရာသီကြို လေ့ကျင့်မှုတွေမှာ သူ စွမ်းဆောင်ခဲ့တာက တကယ်ကို အံ့အားသင့်စရာပါပဲ။ ကစားသမားသစ် တစ်ယောက်အနေနဲ့ ဒီလောက် ကစားနိုင်တာ ကောင်းမွန်တဲ့ ပြယုဂ်တစ်ခုပါ”လို့ ပြောသွားခဲ့ပါတယ်။

#မန်စီးတီး #ရိုဒရီ