ရှေ့သို့
Image

စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်တဲ့ အဲရစ်ဆင်အတွက် လျှော့ဈေးနဲ့ ရောင်းချတော့မယ့် တော့တင်ဟမ်

2:51 PM, 6 August

ဥရောပ အသင်းကြီးတွေဟာ စပါးကွင်းလယ်လူ အဲရစ်ဆင်ကို ပြောင်းရွှေ့ကြေး တစ်ဝက်လောက်နဲ့ ခေါ်ယူဖို့ ပြင်ဆင်နေပြီး ဒိန်းမတ်သားဟာ အပြောင်းအရွှေ့ မပိတ်ခင်မှာ အသင်းက ထွက်ခွာသွားဖို့ ရှိနေပါတယ်။ 

ဂျူဗင်တပ်စ်၊ အက်သလက်တီကိုနဲ့ ရီးရဲလ်မက်ဒရစ် အသင်းတွေဆီကနေ မက်မောလောက်စရာ ဆွဲဆောင်မှုတွေ ရရှိထားတဲ့ အဲရစ်ဆင်ဟာ စပါးအသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းပယ်ထားခဲ့ပါတယ်။

ပရီးမီးယားလိဂ် အပြောင်းအရွှေ့ဟာ ကြာသပတေးနေ့မှာ ပိတ်သိမ်းတော့မှာ ဖြစ်ပေမယ့် ဂျာမနီ၊ အီတလီ၊ စပိန်နဲ့ ပြင်သစ်တို့ကတော့ စက်တင်ဘာ ၂ ရက်နေ့ မတိုင်ခင်အထိ ကစားသမားခေါ်ယူခွင့် ရှိနေပါသေးတယ်။

ယမန်နှစ် ရာသီကတော့ ဥက္ကဌ လီဗိုင်းက အဲရစ်ဆင်အတွက် ပေါင် သန်း ၁၃၀ သတ်မှတ်ထားခဲ့ပါတယ်။ ဒါပေမယ့် ယခုအချိန်မှာတော့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတဲ့ အဲရစ်ဆင်အတွက် ပေါင် သန်း ၅၀ သာ တန်ကြေး သတ်မှတ်ထားခဲ့တာ ဖြစ်ါတယ်။

စပါးအသင်းဟာ အဲရစ်ဆင်ရဲ့ နေရာကို အစားထိုးဖို့အတွက် ကွင်းလယ်လူ တစ်ဦးကို ရှာဖွေနေပြီး ဘရူနို ဖာနန်ဒက်စ်နဲ့ လိုဆယ်ဆိုတို့ကို ဈေးကွက်မပိတ်ခင် ခေါ်ယူသွားဖို့ ရှိနေသလို ဆက်ဆီနွန်ဟာလည်း မကြာခင်မှာ တော့တင်ဟမ်ကို ရောက်ရှိလာဖို့ ရှိနေပါတယ်။

#စပါး #အဲရစ်ဆင်