ရှေ့သို့
Image

အရှက်တကွဲရှုံးနိမ့်ရခြင်းအတွက် စပို့တင်းပရိသတ်တွေကို ဖာနန်ဒက်စ် တောင်းပန်

11:07 AM, 6 August

ပေါ်တူဂီစူပါဖလားပွဲစဉ်မှာ အခါးသီးဆုံးပြိုင်ဘက် ဘင်ဖီကာကို အရှက်ရဖွယ်ဂိုးပြတ်အရေးနိမ့်ခဲ့ပြီးနောက် စပို့တင်းလစ္စဘွန်းအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က အသင်းပရိသတ်တွေကို
လေးလေးနက်နက်ပြန်လည်တောင်းပန်သွားပါတယ်။

ဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ်ရဲ့နွေရာသီဈေးကွက် ကြာသပတေးနေ့မှာ မပိတ်သိမ်းခင် ပရီးမီးယားလိဂ်ကို ရောက်ရှိဖို့ သတင်းတွေကျယ်ပြန့်စွာထွက်ပေါ်နေပြီး စပါးကို ရောက်ရှိဖို့ နီးစပ်နေပါတယ်။

ပေါ်တူဂီစူပါဖလားပွဲက သူ့အတွက် စပို့တင်းကစားသမားဘ၀ နောက်ဆုံးပွဲဖြစ်လာနိုင်တယ်လို့ သုံးသပ်နေချိန်မှာ အသင်းကတော့ ဘင်ဖီကာကို ၅-၀ ဂိုးနဲ့ဂိုးပြတ်အရေးနိမ့်ခဲ့ပြီး ဖာနန်ဒက်စ်လည်း ပွဲအပြီးကွင်းအတွင်းမှာ အတော်လေးခံစားနေရတဲ့ပုံမြင်တွေ့ခဲ့ရကာ အခုလည်း ကြေညာချက်ထုတ်ပြန်ကာ ပြန်လည်တောင်းပန်သွားတာပါ။

''အခုချိန်က စကားတွေအများကြီးပြောရမယ့်အချိန်မဟုတ်ပါဘူး။ ပြီးတော့ ခေါင်းတွေမော့ထားရမယ့်အချိန်လည်းမဟုတ်ပါဘူး။ အခုချိန်မှာ ခေါင်းတွေငုံ့ထားပြီး ကိုယ်ကျူးလွန်ခဲ့မိခဲ့အမှားတွေအကြောင်း စဉ်းစားနေရမယ့်အချိန်ပါ။ ဒီလိုအမှားမျိုး နောက်ဘယ်တော့မှထပ်မကျူးလွန်သင့်ပါဘူး''လို့ ဖာနန်ဒက်စ်က အင်စတာဂရမ်ကနေ စာရေးသားတင်ခဲ့ပါတယ်။

ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့သောကြာနေ့က အေးဂျင့်ဖြစ်သူနဲ့အတူ အသင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး အသင်းဘက်ကလည်း သူတို့သတ်မှတ်ထားတဲ့ ယူရိုသန်း ၇၀ ၀န်းကျင်ရရှိရင် လက်လွှတ်ခံမယ်လို့ ပြန်လည်အသိပေးခဲ့ကြောင်း သိရပါတယ်။

#ဘရူနိုဖာနန်ဒတ်စ်