ရှေ့သို့
Image

ဒါဘီအသင်းကစားသမား/နည်းပြအဖြစ် အင်္ဂလိပ်ဘောလုံးလောကကို ယနေ့ ရွန်းနီ ပြန်လာတော့မည်

8:50 AM, 6 August

အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ၀ိန်းရွန်းနီဟာ ဒါဘီအသင်းရဲ့ကစားသမား/နည်းပြအဖြစ် အင်္ဂလိပ်ဘောလုံးလောကကို ပြန်ရောက်လာတော့မှာဖြစ်ကြောင်း သိရပါတယ်။ ယူနိုက်တက်နဲ့ အဲဗာတန်တိုက်စစ်မှူးဟောင်း ရွန်းနီဟာ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်းနဲ့ ၃နှစ်စာချုပ်ချုပ်ဆိုထားရာမှာ ၁၃လပဲရှိသေးပေမယ့် ပြီးခဲ့တဲ့တနင်္လာနေ့ညက အင်္ဂလန်ကို လေယာဉ်နဲ့ပြန်လာပြီး ယနေ့မှာ ဒါဘီအသင်းရဲ့ကစားသမား/နည်းပြအဖြစ် မိတ်ဆက်ပွဲကျင်းပဖွယ်ရှိနေပါတယ်။
ရွန်းနီဟာ အမေရိကန်လူနေမှုဘ၀မှာ အသားကျနေပြီဖြစ်ပေမယ့် သူ့ကစားသမားဘ၀ရဲ့နောက်တစ်ဆင့်တက်လှမ်းမှုအဖြစ် နည်းပြလောကထဲဝင်ဖို့ ပြီးခဲ့တဲ့လအနည်းငယ်ကတည်းက စဉ်းစားနေခဲ့တာဖြစ်ပါတယ်။ သူဟာ ဒီစီယူနိုက်တက်နဲ့ ၂၀၂၀ ရောက်မှ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပေမယ့် သူ့ရဲ့အေးဂျင့်ဖြစ်သူ ပေါလ်စထရက်ဖို့ဒ်က ဒါဘီအသင်းပိုင်ရှင် မဲလ်မောရစ်နဲ့ ဆွေးနွေးနေပါတယ်။ သတင်းတချို့ရဲ့ဖော်ပြချက်အရ ရွန်းနီဟာ ဇန်န၀ါရီလရောက်မှ အင်္ဂလိပ်ဘောလုံးလောကကို ပြန်လာဖွယ်ရှိတယ်လို့ ဖော်ပြနေပေမယ့် Daily Mail သတင်းစာကတော့ ယခုနွေရာသီဈေးကွက်မပိတ်ခင် ဒီစီယူနိုက်တက်နဲ့ချုပ်ဆိုထားတဲ့စာချုပ်ကို ဖျက်သိမ်းကာ ဒါဘီအသင်းကို ပြောင်းရွှေ့လာလိမ့်မယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။
အသက် ၃၃နှစ်အရွယ်ရှိ ရွန်းနီဟာ ပြီးခဲ့တဲ့ရာသီက ဒါဘီအသင်းနဲ့အတူ နည်းပြလမ်းပတ် စွမ်းဆောင်ကောင်းမွန်ခဲ့တာကို သဘောကျနေပြီး ဒါဘီအသင်းရဲ့ကစားသမား/နည်းပြအဖြစ် တာဝန်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဒါဘီအသင်းဟာ ချန်ပီယံရှစ်အဖွင့်ပွဲစဉ်အဖြစ် ဟက်ဒါဖီးလ်ကွင်းမှာ ၁-၂ ဂိုးနဲ့အနိုင်ရခဲ့ပြီး အဆိုပါပွဲအပြီးမှာ မန်နေဂျာ ဖီးလစ်ကိုကူက လက်ရှိအချိန်မှာ ရွန်းနီနဲ့ပတ်သက်လို့ ဘာမှပြေလို့မရသေးကြောင်း ဆိုပါတယ်။

#မနျခကျြစတာယူနိုကျတကျ #ဒါဘီ #ချန်ပီယံရှစ် #ဒီစီယူနိုက်တက်