ရှေ့သို့
Image

“ကျွန်တော် ဆွာရက်ဇ်ကို မမုန်းပါဘူး။ ဒါပေမယ့် သူရဲ့ မျက်နှာကို ဆွဲထိုး ပစ်ချင်ခဲ့ပါတယ်” အီဗရာ

5:50 PM, 5 August

ယူနိုက်တက် ဂန္တ၀င် ပက်ထရစ် အီဗရာက အသင်းမှာ နေထိုင်ခဲ့တဲ့ အချိန် ကာလတွေကို ပြန် ပြောပြရင်း လူးဝစ် ဆွာရက်ဇ်ကို မမုန်းကြောင်း ပြောကြား သွားခဲ့ပါတယ်။

လီဗာပူး တိုက်စစ်မှူးဟောင်း ဆွာရက်ဇ်ဟာ မန်ယူအသင်းနဲ့ ပွဲစဉ်မှာ အီဗရာကို လူမျိုးရေး ခွဲခြား ခဲ့တာကြောင့် ၈ပွဲပယ် ခံခဲ့ရပြီး ပြင်သစ် သားဟာလည်း အသက် အန္တရာယ် ခြိမ်းခြောက်မှုတွေ အထိ ကြုံတွေ့ ခဲ့ရပါတယ်။


ဘောလုံး ကစားခွင့် ပိတ်ခံရသလို  ပေါင် ၄၀၀၀၀ကိုလည်း ဒဏ်ငွေ ရိုက်ခံခဲ့ရတဲ့ ဆွာရက်ဇ်ဟာ ယူနိုက်တက်နဲ့ တွေ့ ဆုံတဲ့ ပွဲမှာလည်း အီဗရာကို လက်ဆွဲ နူတ်ဆက်ရန် ငြင်းဆန်ခဲ့ပြီး ပြဿနာ မီးစကို ဆက်မွေး ခဲ့ ပါသေးတယ်။

အီဗရာက ပွဲအပြီးမှာ ဆွာရက်ဇ်ကို ဆွဲထိုး ချင်ခဲ့ကြောင်း ၀န်ခံခဲ့ပြီး ဥရေုဂွေး တိုက်စစ်မှူးက သူ့ကို နီဂရိုးလို့ လူမှုရေး ခွဲခြားစွာ အော်ဟစ် ခဲ့ကြောင်း ပြန်လည် ပြောပြခဲ့ပါတယ်။

ဒါပေမယ့် ပြီးခဲတဲ့ အပတ်က ဘောလုံး သမား ဘ၀ကနေ အနား ယူခဲ့တဲ့ အီဗရာက လက်ရှိ ဘာစီလိုနာမှာ ကစားနေတဲ့ ဆွာရက်ဇ် အပေါ် ဒေါသ ပေါက်ကွဲမှုကို မပြသ ခဲ့ဘူးလို့ ဆိုပါတယ်။

DailyMailနဲ့  အင်တာဗျူးမှာ အီဗရာက “ကျွန်တော် သူ့ကို မမုန်းပါဘူး။ ဘယ်တုန်း ကမှလည်း မမုန်း ခဲ့ပါဘူး။ ကျွန်တော် အဲ့ဒီအချိန်က သူ့ကို ဆွဲထိုး ချင်ခဲ့ပေမယ့် ကျွန်တော် တစ်ယောက် ယောက်ကို မုန်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

 ကျွန်တော့်ရဲ့ နှလုံးသားမှာ အမုန်းတွေ မရှိပါဘူး။ ကျွန်တော် ပြန်လည်  တုံ့ပြန် နိုင်ပေမယ့် အမုန်းဆိုတာ ကျွန်တော့် အတွက်တော့ ပြင်းထန်တဲ့ စကားလုံး တစ်ခုပါ ” လို့ ပြောခဲ့ပါတယ်။


ဆွာရက်ဇ် အဆိုပါ ပြစ်ဒဏ်ရရှိအောင် ရည်ရွယ်ချက် ရှိရှိနဲ့ ဖန်တီး ခဲ့တယ်လို့ စွပ်စွဲချက်တွေ ထွက်ပေါ် လာပြီးတဲ့နောက်မှာ အီဗရာကို အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေ ပေါ်ပေါက် လာခဲ့ပြီး Cheshire's posh Alderley Edge မှာရှိတဲ့ နေအိမ်မှာ အစောင့်တောင် ထားခဲ့ရပါတယ်။

အီဗရာက
“ကျွန်တော် အသက် အန္တရာယ် ခြိမ်းခြောက်မှု တွေကို ရရှိခဲ့ပါတယ်။ တစ်လ လောက် Alderley Edge မှာရှိတဲ့ အိမ်မှာ ၂၄နာရီလုံး အစောင့် တစ်ယောက် ထားခဲ့ ရပါတယ်။ ဒါက ကျွန်တော် မိသားစု အတွက်တော့ မလွယ်ကူ ခဲ့ပါဘူး။

ဒါပေမယ့် ကျွန်တော်က Les Ulisရဲ့ ကြမ်းတမ်းတဲ့ လမ်းတွေ  ပေါ်မှာ ကြီးပြင်းလာလို့ ကျွန်တော့်အတွက် ကတော့ သာမာန် ပဲလို့ ထင်ပါတယ်။ ဒါပေမယ့် အခြား တစ်ဦး အတွက် ကတော့ ဒါက ရူးသွပ်စရာ ပါပဲ။ ကျွန်တော်တို့ရဲ့ အကို ကတောင် ကားထဲက ထွက်ရင် သတိထား လို့ ပြောရ အထိ ဖြစ်ခဲ့ ပါတယ်”လို့ ပြန်လည် ပြောပြ ခဲ့ပါတယ်။

ဆွာရက်ဇ် ဘာစီလိုနာကို ပြောင်းရွှေ့ သွားခဲ့ပြီး အီဗရာက စီးရီအေ ချန်ပီယံ ဂျူဗင်တပ်စ် အသင်းကို ရောက်ရှိ လာခဲ့ပေမယ့် လူမှုရေး ခွဲခြားမှုတွေနဲ့  ထပ်မံ ကြုံတွေ့ ခဲ့ရ ပြန်ပါတယ်။

“ဆွာရက်ဇ်က လူမှုရေး ခွဲခြားသူ တစ်ယောက်ဆိုတာ ကျွန်တော် မသိပါဘူး။ သူ့ မိသားစုကိုလည်း ကျွန်တော် မသိပါဘူး။ သူ့ရဲ့ နောက်ကြောင်း ကိုလည်း မသိပါဘူး။

ဒါပေမယ့် လူမှုရေး ခွဲခြားမှုတွေ နှစ်ပေါင်း များစွာ ကျယ်ပြန့်လာတာနဲ့  အမျှ လူမှုရေး အကြမ်းဖက်မှုတွေ ဖြစ်ပေါ် လာပါ တော့တယ်။

ကျွန်တော် သူ့ကို ပြန်ပြီးတော့ အပြစ် မပေးချင်ပါဘူး။ ကျွန်တော် သူ့ကို ကောင်းကောင်း မသိပေမယ့် လူမှုရေး ခွဲခြားတဲ့ အသုံး အနှုန်း တွေ ပြောခဲ့တာကြောင့် သူက လှုမှုရေး ခွဲခြားသူပါပဲ။ သူက လူကောင်းလား ဆိုတာတောင် မသိပါဘူး”
လို့ အီဗရာက ပြောခဲ့ပါတယ်။

ဆက်လက်ပြီး အီဗရာက “ကျွန်တော် အီတလီမှာ ကစားစဉ် တုန်းကလည်း သူတို့ ငှက်ပျောသီး တွေနဲ့ ကျွန်တော့်ကို ပစ်ပေါက် ခဲ့ကြပြီး မျောက်လို ၀ိုင်းဝန်း အော်ဟစ် ခဲ့ကြပါတယ် ”လို့
ပြောသွားခဲ့ပါတယ်။

#လီဗာပူး #မန်ချက်စတာယူနိုက်တက် #အီဗရာ