ရှေ့သို့
Image

ယူနိုက်တက်မှာ နွေးထွေးမှုတွေ ပေါ့ဂ်ဘာ မခံစားရဘူးလို့ အီဗရာ ခန့်မှန်း

4:02 PM, 5 August

ယူနိုက်တက်အသင်းခေါင်ေးဆာင်ဟောင်း ပက်ထရစ်အီဗရာက ပြင်သစ်တစ်နိုင်ငံတည်းသား ပေါ့ဂ်ဘာအနေနဲ့ အိုးထရက်ဖို့ဒ်မှာ နွေးထွေးတဲ့ချစ်ခင်မြတ်နိုးမှုတွေ ခံစားနေရတယ်လို့ မထင်မိကြောင်း သုံးသပ်လိုက်ပါတယ်။

အသက် ၂၆နှစ်အရွယ်ရှိ ပေါ့ဂ်ဘာဟာ ယခုနွေရာသီကာလအတွင်း အသင်းပြောင်းရွှေ့ဖို့ သတင်းတွေကျယ်ပြန့်စွာထွက်ပေါ်နေသူဖြစ်ပြီး သောကြာနေ့က ထွက်ပေါ်ခဲ့တဲ့သတင်းတွေအရ အသင်းပြောင်းရွှေ့လိုတဲ့သူ့ရဲ့
ဆန္ဒကို နည်းပြဆိုးလ်ရှားထံ အသိပေးခဲ့တယ်လို့ သိရပါတယ်။

သူဟာ ပြီးခဲ့တဲ့စနေနေ့က အေစီမီလန်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ရခဲ့တဲ့ အင်တာနေရှင်နယ်ချန်ပီယံဖလားပွဲမှာ မပါဝင်ခဲ့ပေမယ့် ဆိုးလ်ရှားကတော့ ကြံ့ခိုင်မှုပိုင်းအရကြောင့်သာ မပါဝင်နိုင်ခဲ့တာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။

အီဗရာက ပေါ့ဂ်ဘာအနေနဲ့ အသင်းဟောင်း ဂျူဗင်တပ်စ်မှာ ကစားခဲ့စဉ်က ယူနိုက်တက်မှာထက် ပိုမိုနွေးထွေးစွာခံစားခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းမှာ ပေါ့ဂ်ဘာနဲ့အတူ တွဲကစားခဲ့ဖူးတဲ့ အီဗရာက ''ပေါ့ဂ်ဘာရဲ့အနာဂတ် ဘယ်လိုဖြစ်လာမလဲဆိုတာ ကျွန်တော်လည်း မသိပါဘူး။ ဂျူဗင်တပ်စ်မှာ ကစားခဲ့တုန်းက သူတကယ်ပဲ ခံစားချက်အပြည့်ရှိခဲ့တာပဲ သိပါတယ်။ မန်ချက်စတာမှာတော့ အဲဒီလိုမခံစားရဘူးလို့ ထင်ပါတယ်။ ကစားသမားတစ်ဦးကို ကွင်းတွင်းစွမ်းဆောင်ရည်နဲ့ပဲ တိုင်းတာကြပါတယ်။ အဲဒီကစားသမား
ကစားတာမကောင်းရင် ဝေဖန်ကြပေမယ့် ကစားတာကောင်းရင်တော့ ချီးကျူးကြပါတယ်။ ကိုယ်က တန်ဖိုးကြီးကားတွေ၊ အိမ်တွေဝယ်ရင် လူမုန်းခံရပြီး မနာလိုခံရပါတယ်။ ဒီတော့ အဲဒီအချက်တွေက ကိုယ့်ကိုရိုက်ခတ်မှုမရှိဘူးဆိုတာ သေချာစေဖို့ ကိုယ်က ပွဲတွေမှာ အာရုံစိုက်ကစားရပါမယ်''လို့ ပြောပါတယ်။

#မန်ချက်စတာယူနိုက်တက် #အီဗရာ