ရှေ့သို့
Image

ဒိုင်ဘားလား အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ရပြီးနောက် ဖာနန်ဒက်စ်ကိုလည်း ခေါ်ယူဖို့ ယူနိုက်တက် ဆန္ဒမရှိကြောင်း သတင်းထွက်

2:15 PM, 5 August

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဘရူနို ဖာနန်ဒက်စ်ကို ခေါ်ယူဖို့  ဆန္ဒ မရှိကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

တနင်္ဂနွေနေ့ လည်ခင်းက ဂျူဗင်တပ်စ် ကြယ်ပွင့် ပေါ်လို ဒိုင်ဘားလားကို  ခေါ်ယူမယ့် အခွင့်အရေးကိုလည်း ယူနိုက်တက် ရုတ်သိမ်းထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဘီဘီစီရဲ့ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်ဟာ  စပို့ တင်းလစ္စဘွန်း ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ကိုလည်း အလောသုံးဆယ် ခေါ်ယူဖို့ မရှိကြောင်း ဆိုပါတယ်။

ပေါ်တူဂီ လက်ရွေးစင်ဟာ ယခုနှစ် နွေရာသီအတွင်း အိုးထရစ်ဖို့ထ်ကို ရောက်ရှိဖို့  သတင်းတွေ ကျယ်ပြန့်စွာ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီက ဖာနန်ဒက်စ်ဟာ စပို့ တင်းအတွက် ပြိုင်ပွဲစုံ ၃၂ ဂိုးအပြင် ၁၈ ဂိုး ဖန်တီးမှုပါ ပြုလုပ် ထားနိုင်ခဲ့ပါတယ်။

တော့တင်ဟမ် အသင်းဟာလည်း ပြီးခဲ့တဲ့ ကာလတွေက မန်စီးတီး၊ လီဗာပူးတို့က စိတ်ဝင်စားခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်ကို ချိတ်ဆက်မှု ရှိထားပါတယ်။

ဘီဘီစီရဲ့ ရေးသားချက်အရ ဒိုင်ဘားလားကို ခေါ်ယူဖို့ မဖြစ်နိုင်ချိန်တွင် ယူနိုက်တက်ဟာ ဖာနန်ဒက်စ်ကိုလည်း အာရုံစိုက် ခေါ်ယူသွားဖို့ မရှိကြောင်း ဆိုပါတယ်။ 

ဒါဟာ ပေါင် ၆၄ သန်းဖြင့် ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း စပိန်နဲ့  ပေါ်တူဂီတို့ က ရေးသားထားတဲ့ သတင်း တွေနဲ့ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေတာပါ။

လာမယ့် ကြာသပတေး ညနေ ၅ နာရီတွင် ပရီးမီးယားလိဂ် ကလပ်တွေရဲ့ အပြောင်းအရွှေ့ ရာသီ ပိတ်သိမ်းမှာ ဖြစ်တာမို့ သရဲနီတွေရဲ့ အနေအထားက ထူးဆန်းတဲ့ အခြေအနေမှာ ရှိနေပါတယ်။

လက်ရှိတွင် နည်းပြ အိုလီ ဂန်းနား ဆိုးလ်ရှားဟာ ဒါနီရယ် ဂျိမ်းစ်၊ အာရွန် ၀မ်ဘစ်ဆာကာ အပြင် လက်စတာ နောက်ခံလူ ဟယ်ရီ မက်ဂွါရီကိုလည်း မကြာခင် ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။

မက်ဂွါရီဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ပေါင် သန်း ၈၀ ဖြင့် ယူနိုက်တက်ထံ ပြောင်းရွှေ့ဖို့  သဘောတူညီမှု ရခဲ့တာဖြစ်ပြီး သမိုင်းတစ်လျောက် ဈေးအကြီးဆုံး နောက်ခံလူ ဖြစ်လာဖို့ ရှိပါတယ်။

အစောပိုင်း ကာလတွေကတည်းက နယူးကာဆယ် ကွင်းလယ်လူ ဆီရန် လောင်းစတက်ဖ်ကိုလည်း ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ပေမယ့် ငှက်ကျားတွေရဲ့ပေါင် သန်း ၅၀ သတ်မှတ်ထားမှုကြောင့် ကောလဟလ သတင်းတွေ ထပ်မထွက်တော့ပါဘူး။

လက်ရှိ အခြေအနေတိုင်းသာဆို ယူနိုက်တက်ဟာ ကွင်းလယ်တွင် ထပ်မံ အားဖြည့်သွားဖို့  မရှိပါဘူး။ အလားတူ အသင်းကနေ ထွက်ခွာသွားနိုင်ခြေရှိတဲ့ ရိုမီလူ လူကာကူရဲ့နေရာ အသင်းက အစားထိုး သွားဖို့ လည်း မရှိကြောင်း ဘီဘီစီက ဆိုပါတယ်။

ဘယ်ဂျီယံသားဟာ ဒိုင်ဘားလားနဲ့ အလဲအထပ်လုပ်ကာ ဂျူဗီကို ရောက်ဖို့ ရှိခဲ့ပေမယ့် အာဂျင်တီးနားသားရဲ့ ယူနိုက်တက်အသင်းထံ သွားရောက်ကစားဖို့ ဆန္ဒမရှိမှုကြောင့် အပြောင်းအရွှေ့က အပြီးသတ်နိုင်မယ့် အနေအထားကနေ ဆိုင်းငံနေဆဲ ဖြစ်ပါတယ်။

နည်းပြ ကွန်တီရဲ့ တောင်းဆိုမှုကြောင့်  အင်တာမီလန် အသင်းဟာလည်း လူကာကူကို ခေါ်ယူဖို့  အရင်က စိတ်ဝင်စားမှုတွေ ရှိခဲ့ပေမယ့် ဘဏ္ဍရေး အနေအထားအရ ခေါ်ယူဖို့ အခက်အခဲတွေ့လျက်ရှိနေတာပါ။

နွေရာသီ အပြောင်းအရွှေ့အစပိုင်းမှာ အင်တာဟာ လူကာကူအတွက် ပေါင် ၅၄ သန်းဖြင့် ကမ်းလှမ်းခဲ့ပေမယ့် ယူနိုက်တက်ဟာ လွန်ခဲ့တဲ့ ၂ နှစ်ခန့် က အဲဗာတန် အသင်းဆီက ခေါ်ယူခဲ့တဲ့ ပေါင် ၇၅ သန်းအတိုင်း လူကာကူအတွက် ပြန်လိုချင်ခဲ့တာမို့ ပယ်ချခဲ့ပါတယ်။

ဒါ့အပြင် ရာသီကြို ပွဲစဉ်တွေမှာ လူငယ်တိုက်စစ်မှူး မာဆင် ဂရင်းဝုဗ် ခြေစွမ်းပြလာမှုကြောင့် ယူနိုက်တက် နည်းပြ ဆိုလ်းရှားဟာ ၎င်းရဲ့ တိုက်စစ်အတွက် ပျော်ရွှင် ကျေနပ်နေပုံ ရပါတယ်။

အသက် ၁၇ နှစ်သာ ရှိသေးတဲ့ ယူနိုက်တက် အကယ်ဒမီထွက် ဂရင်းဝုဗ်ဟာ ပြီးခဲ့တဲ့ နှစ်က ယူ ၂၃ အသင်းတွင် ၃၄ ဂိုးအထိ သွင်းယူခဲ့ပြီး အသင်းရဲ့ ရာသီကြို ပွဲစဉ်တွေ ဖြစ်တဲ့ လိစ်ဒ် ယူနိုက်တက်၊ အင်တာမီလန် အသင်းတို့ နဲ့  ပွဲတွေမှာ ဂိုးတွေ သွင်းယူထားပါတယ်။

#မနျခကျြစတာယူနိုကျတကျ #လူကာကူ #ဘရူနိုဖာနန်ဒတ်စ်