ရှေ့သို့
Image

အာဆင်နယ် အသင်းသို့ပြောင်းရွေ့ဖို့ ပျက်ပြယ်ခဲ့ပြီးနောက် မန်ယူအသင်းရဲ့အင်္ကျီကို ၀တ်ဆင်ပြီး ဗီဒီယို ရိုက်ကူးခဲ့တဲ့ ဇာဟာ

10:57 AM, 5 August

ပန်းခြံထဲတွင် မန်ယူအသင်းရဲ့ အင်္ကျီကိုဝတ်ဆင်ကာ ဘောလုံးကန်နေတဲ့ ဗီဒီယိုကို ဇာဟာက ဆိုရှယ်မီဒီယာတွင် တင်ခဲ့ပါတယ်။

ဇာဟာဟာ ခရစ္စတယ်ပဲလေ့သို့ ပြန်လည်မပြောင်းရွေ့မီ ၂၀၁၃-၂၀၁၅ ကြားတွင် မန်ယူအသင်းတွင် ကစားခဲ့တာဖြစ်ပြီး မန်ယူအသင်းနှင့် ရင်းနှီးမှုတွေရှိနေတုန်းဖြစ်ပါတယ်။

အဲ့ဒီအင်္ကျီကတော့ ပြီးခဲ့တဲ့ရာသီက မန်ယူအသင်းရဲ့ အဝေးကွင်းဝတ်စုံဖြစ်ပြီး ဇာဟာရဲ့နိုင်ငံ့လက်ရွေးစင် အသင်းဖော် ဘိုင်လီရဲ့ နာမည်ပါရှိတဲ့ အင်္ကျီလည်းဖြစ်ပါတယ်။

အဲ့ဒီအင်္ကျီကိုတော့ တောင်ပံကစားသမားဟာ ပြီးခဲ့တဲ့ရာသီက အသင်းရဲ့ အိမ်ကွင်းတွင် မန်ယူအသင်းနှင့် ကစားခဲ့တဲ့ပွဲမှာ ဘိုင်လီရဲ့ အင်္ကျီနှင့် သူ့ရဲ့ အင်္ကျီကို လဲလှယ်ခဲ့တာဖြစ်ပါတယ်။

ဒီနွေရာသီတွင် ဇာဟာဟာ အာဆင်နယ်သို့ပြောင်းရွေ့ဖို့ရန်ဆက်သွယ်မှုတွေရှိခဲ့သော်လည်း ပဲလေ့ အသင်းကတော့ ကစားသမားကို အသင်းတွင် ဆက်လက်ထိန်းသိမ်းထားလိုနေတာဖြစ်ပါတယ်။

ပီပီဟာ ဂန်းနားတွေရဲ့ နံပါတ်တစ် ပစ်မှတ်မဖြစ်ခင်တုန်းက အာဆင်နယ်ဟာ သူ့ကို ကမ်းလှမ်းခဲ့သော်လည်း ပယ်ချ ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်က အာဆင်နယ်ဟာ လိုင်လီမှ ပေါင် ၇၂ သန်းဖြင့် ပီပီကို ခေါ်ယူခဲ့ပါတယ်။

''ဒီအသင်းကိုရောက်ရှိရတာက အရမ်းကိုစိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ ကျွန်တော်ဟာအချိန်ကြာကြီးဖြတ်သန်း ခဲ့ရတာဖြစ်ပြီး ရုန်းကန်လှုပ်ရှားခဲ့ရကာ ဒီလိုအသင်းကြီးမျိုးရဲ့ ခေါ်ယူခြင်းကိုခံလိုက်ရတာက ကြီးမားတဲ့ ဆုလာဘ် တစ်ခုပါပဲ '' လို့ ပီပီကပြောပါတယ်။

''မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချဖို့က အရေးကြီးပါတယ်။ အာဆင်နယ်ဟာ မှန်ကန်တဲ့ရွေးချယ်မှုဖြစ်မယ်လို့လည်း ကျွန်တော်ယုံကြည်ပါတယ်။ အာဆင်နယ်နည်းပြ အမ်မရီကလည်း သူဟာ အရည်ချင်းမြင့်မားတဲ့
ကစားသမားတစ်ယောက်ဖြစ်ပြီး ဥရောပမှ အသင်းကြီးတွေ တော်တော် များများက အလိုရှိနေတဲ့ ပါရမီရှိတဲ့ တောင်ပံ ကစားသမား တစ်ယောက် ဖြစ်ပါတယ် '' လို့ ပြောထားပါတယ်။

#ဇာဟာ