ရှေ့သို့
Image

ဆန်ချိုကို တက်နင်းလို့ အ၀ါကတ်ပြသခံရခြင်းအပေါ် ကင်မစ်ရှ် ဒေါသထွက်

3:13 PM, 4 August

ဘိုင်ယန်မြူးနစ်အသင်းနောက်ခံလူ ဂျိုရှူအာကင်မစ်ရှ်က ဒေါ့မွန်အသင်းကြယ်ပွင့် ဆန်ချိုကို တက်နင်းခဲ့ခြင်းအတွက် မိမိကိုယ်မိမိ အပြစ်မတင်ကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။ ဘေးစည်းကျော်သွားတဲ့ဘောလုံးကို ကင်မစ်ရှ်က ယူဖို့ ကြိုးစားစဉ် ဘောလုံးနားမှာရှိနေတဲ့ဆန်ချိုရဲ့ခြေထောက်ကို တက်နင်းခဲ့တာဖြစ်ပြီး အဲဒီဖြစ်ရပ်အပြီး ၆မိနစ်အကြာမှာ ဆန်ချိုက ဒေါ့မွန်အသင်းအတွက် အဆုံးသတ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

အဲဒီဖြစ်ရပ်ကြောင့် အ၀ါကတ်ပြသခံရခြင်းအပေါ် ဘယ်သူမှအံ့အားမသင့်ခဲ့ပေမယ့် ကင်မစ်ရှ်ကတော့ ဆန်ချိုရဲ့အမှားကြောင့်ဖြစ်လာမို့လို့ အ၀ါကတ်ပြသခံရခြင်းအပေါ် အံ့အားသင့်မိကြောင်း ဆိုပါတယ်။ ''ဒါက ကံမကောင်းလို့ဖြစ်သွားတာပါ။ ကျွန်တော်က ဘောလုံးယူချင်ခဲ့တာဖြစ်ပြီး သူက ခြေထောက်ထည့်လိုက်တာပါ။ ဒါပေမယ့် သူ့ကို ကျွန်တော် ကန်ခဲ့တာမဟုတ်ပါဘူး။ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာမဟုတ်လို့ အခုလိုအ၀ါကတ်ပြသခံခဲ့ရတာကို ကျွန်တော် ဒေါသထွက်မိပါတယ်''လို့ ကင်မစ်ရှ်က ပြောပါတယ်။

အဲဒီဖြစ်ရပ်ကြောင့် ကင်မစ်ရှ်လည်း ဝေဖန်မှုတွေနဲ့အပြင်းအထန်ရင်ဆိုင်နေရပေမယ့် ဘိုင်ယန်မြူးနစ်နည်းပြ ကိုဗက်ကတော့ အဲဒီဖြစ်ရပ်ကို သူမမြင်တွေ့ခဲ့ကြောင်းနဲ့ ကင်မစ်ရှ်ဟာ အဲဒီလိုကစားသမားမျိုးမဟုတ်ကြောင်း ကာကွယ်ပြောကြားခဲ့ပါတယ်။

#ဆန်ချို #ကင်မစ်ခ်ျ