ရှေ့သို့
Image

အာဆင်နယ်ထက် ၀ုဗ်အသင်းထံ ပြောင်းရွှေ့လိုနေတဲ့ ခီဒီရာ

4:08 PM, 3 August

ဂျူဗင်တပ်စ် ကွင်းလယ်လူ ဆမ်မီ ခီဒီရာဟာ အာဆင်နယ် အသင်းထက်  ၀ုဗ်သို့ သာ ပိုမို ပြောင်းရွှေ့လိုတဲ့ ဆန္ဒရှိနေကြောင်း သိရပါတယ်။
အီတလီကလပ်က အာရွန်ရမ်ဆေးနဲ့ အက်ဒရီယန် ရာဘီယော့တို့ ကို ခေါ်ယူပြီးနောက် ခီဒီရာဟာ ယခုနှစ် နွေရာသီအတွင်း ဂျူဗီက ထွက်ခွာနိုင်တဲ့ ကစားသမားတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။
ဂျူဗီတပ်စ် နည်းပြ ဆာရီဟာ ကြံခိုင်ရေးထက် နည်းစနစ်ပိုင်း  ပိုကောင်းတဲ့ ကစားသမားတွေကိုသာ လိုလားတာကြောင့် ခီဒီရာအတွက် နေရာမရှိ ဖြစ်နေပါတယ်။
သတင်းတွေအရ အာဆင်နယ်အသင်းက စိတ်ဝင်စားမှု ရှိသော်လည်း ဂျာမန်သားဟာ ၀ုဗ်ကို ပိုမို သဘော ကျလျက်ရှိပြီး သူရဲ့လက်ကျန် ကစားသမားဘ၀ကို နေရာပိုရနိုင်တဲ့ အသင်းမှာသာ ကစားချင်နေပါတယ်။


#စီးရီးအေ # ခီဒီရာ #ဝုဗ်